ကိုမိုဒို ဖွတ်နဂါးကြီးတွေရှိရာ ကျွန်းကို ပိတ်မယ့် အစီအစဉ် အင်ဒိုနီးရှား ပြန်ရုပ်သိမ်း

ကိုမိုဒို ဖွတ်နဂါးကြီးတွေရှိရာ ကျွန်းကို ပိတ်မယ့် အစီအစဉ် အင်ဒိုနီးရှား ပြန်ရုပ်သိမ်း

အောက်တိုဘာ ၁ ။          ။ ကိုမိုဒို ဖွတ်နဂါးကြီးတွေ ရှိရာ နိုင်ငံအရှေ့ပိုင်းကျွန်းကို လာမယ့်နှစ်မှာ ပိတ်ဖို့ စီစဉ်ထားပေမယ့် ယခုအခါ ယင်းအစီအစဉ်ကို ပြန်လည် ဖျက်သိမ်းဖို့ အင်ဒိုနီးရှားအစိုးရက ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ယင်းကျွန်းမှာ ရှားပါး ကိုမိုဒို ဖွတ်နဂါးကြီးတွေရဲ့ ကောင်ရေဟာ လက်ရှိမှာ တည်ငြိမ်နေပြီး မျိုးသုဉ်းအန္တရာယ်လည်း မရှိတဲ့အတွက် ခုလို အစီအစဉ် ပြောင်းလဲလိုက်ရတာဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးက စက်တင်ဘာ ၃၀ မှာ ပြောပါတယ်။

ဒါဟာ အဆိုပါ ဖွတ်နဂါးကြီးတွေရဲ့ မိတ်လိုက်မှုနဲ့ အကောင်ပေါက်မှု လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေမှာ စိုးတဲ့အတွက် လာမယ့်နှစ်မှာ ခရီးသွားတွေကို ဝင်ခွင့် ပိတ်ဖို့ လိုကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ပြန်ချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ ယင်း ဖွတ်နဂါး ကောင်ရေဟာ ဆယ်စုနှစ်တစ်စုကျော်ကြာ မဖောက်မပြန် တည်ငြိမ်နေတာကို ဒေတာအချက်အလက်တွေအရ သိထားရတယ်လို့ အင်ဒို သဘာဝပတ်ဝန်းကျင်နဲ့ သစ်တော ဝန်ကြီး စီတီ နာဘာယာ ဘာကာ က ပြောသွားပါတယ်။

“ လက်ရှိ ဒီ ကိုမိုဒို နဂါးကောင်ရေက ၂၀၀၂ နဲ့ ၂၀၁၉ အကြား စောင့်ကြည့်မှုတွေအရ အတော်လေး တည်ငြိမ်နေလျက်ရှိပါတယ်၊ ကောင်ရေ ကျဆင်းနိုင်တဲ့ ခြိမ်းခြောက်မှုလည်း မရှိပါဘူး” လို့ ဘာကာက ပြောသွားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly