ဆစ္ဒနီ၊ ေအာက္တိုဘာ ၁ ။ ။ ဂျပန်အားကစားအမှတ်တံဆိပ် ASICS ရဲ့ နယူးဇီလန်ရုံးခွဲဟာ အော့ကလန်မြို့လယ်က ၎င်းတို့ စတိုးဆိုင်ရဲ့ ကြော်ငြာတီဗီမှာ အပြာကားကို နာရီအတန်ကြာ ပြသမိပြီး နံနက်ခင်း စျေးဝယ်သူတွေ တအံ့တသြမှင်သက်ခဲ့ရတဲ့အတွက် ပြန်လည်တောင်းပန်ပါတယ်။
လက်လီစတိုးဆိုင်ရဲ့ အပြင်ပန်းတီဗီမှာ အပြာကားဟာ ကိုးနာရီကြာ ပြသမိနေတာဖြစ်ပြီး တနင်္ဂနွေနေ့ နံနက် ၁၀ နာရီဝန်းကျင်မှာ ဝန်ထမ်းတွေ ရောက်လာတဲ့အခါမှ မြင်တွေ့ပြီး ပိတ်လိုက်နိုင်တာဖြစ်တယ်လို့ New Zealand Herald သတင်းက ဖော်ပြပါတယ်။
“တစ်ချို့လူတွေက အံ့သြတုန်လှုပ်တယ်။ အင်း၊ ဒါပေမယ့် တစ်ချို့ကျတော့ ရပ်ကြည့်နေကြတယ်။”လို့ လုံခြုံရေးအစောင့် Dwayne Hinango က သတင်းစာကို ပြောပါတယ်။
“အတုံးလိုက် အတစ်လိုက် မြင်နေရတဲ့ ဒီ ညစ်ညမ်းကားကို အများပြည်သူ သွားလာရာမှာ မြင်ရတာကတော့ မကောင်းဘူးပေါ့ဗျာ။ ဒါမျိုးတွေက ကလေးတွေ မမြင်သင့်ဘူး။”လို့ ခုနစ်နှစ် သားငယ်နဲ့အတူ လမ်းလျှောက်လာတဲ့ Tanya Lee ဆိုသူက ပြောပါတယ်။
ASICS နယူးဇီလန်ရုံးခွဲကတော့ အမည်မသိလူတစ်ဦးက ဒီ တီဗီကို ဖွင့်လို့ရသွားတာကြောင့် ခုလို အဖြစ်ကြုံရပါတယ်လို့ ဖေ့ဘုတ်ပေ့ချ်မှာ ဖော်ပြပါတယ်။
“ကြော်ငြာတီဗီမှာ မသင့်တော်တဲ့ မြင်ကွင်းတွေ ပေါ်ခဲ့တယ်။ ဒီအတွက် ဒါကို မြင်လိုက်ကြသူတွေကို ကျွန်တော်တို့ဖက်က တောင်းပန်ပါတယ်။”လို့ အဲဒီ ဖေ့ဘုတ်ပို့စ်မှာ ရေးသားထားပါတယ်။
izzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/