တရုတ်နိုင်ငံ၏ နှစ် (၇၀) ပြည့် အခမ်းအနား ကျင်းပ၊ ဘယ် အင်အားစုကမှ ၎င်းတို့နိုင်ငံကို ကိုင်လှုပ်နိုင်မည်မဟုတ်ဟု သမ္မတ ရှီကျင့်ဖျင် ပြော

တရုတ်နိုင်ငံ၏ နှစ် (၇၀) ပြည့် အခမ်းအနား ကျင်းပ၊ ဘယ် အင်အားစုကမှ ၎င်းတို့နိုင်ငံကို ကိုင်လှုပ်နိုင်မည်မဟုတ်ဟု သမ္မတ ရှီကျင့်ဖျင် ပြော

အောက်တိုဘာ ၁ ။           ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်မှု နှစ် (၇၀) ပြည့် အခမ်းအနားကိုတော့ ကြီးမားတဲ့ ဧရာမ စစ်ရေးပြပွဲကြီးတစ်ခုနဲ့အတူ အောက်တိုဘာ ၁ ရက်က ကျင်းပပါတယ်။

ဒီ အခမ်းအနားမှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ပါတယ်။

အလားတူ ဘယ်လို အင်အားစုမျိုးကမှ ၎င်းတို့ တရုတ်နိုင်ငံကို လှုပ်ရမ်းနိုင်မည် မဟုတ်ကြောင်း တရုတ်သမ္မတ ရှီက အဆိုပါ တရုတ်အမျိုးသားနေ့ နှစ် (၇၀) ပြည့်အခမ်းအနားကျင်းပချိန် အောက်တိုဘာ ၁ ရက်မှာပဲ ကြေညာသွားခဲ့ပါတယ်။

၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်က ဥက္ကဌ မော်စီတုန်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့တဲ့ ထျန်အန်းမင် စင်မြင့်ထက်မှာ တက်ရောက်မတ်တပ်ရပ်ရင်း သမ္မတ ရှီက ၎င်းတို့နိုင်ငံကို အတိတ်က ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ပြန်လည်ဆောင်ကြဉ်းနိုင်ရေး ၎င်းရဲ့ မျှော်မှန်းချက်ကို ထုတ်ဖော်သွားခဲ့ပါတယ်။

“ ဒီ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ဘယ်လို အင်အားစုကမှ လှုပ်ရမ်းနိုင်မှာ မဟုတ်ပါဘူး” ဆိုပြီး ထျန်အန်းမင် ရင်ပြင်မှာ တစ်ခြားသော ပါတီခေါင်းဆောင်တွေ ခြံရံလျက် သမ္မတ ရှီက ပြောသွားပါတယ်။

ဒါဟာ စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုကြောင့် ပျက်စီးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံအဖြစ် လျှောက်လှမ်းခဲ့မှု အထိမ်းအမှတ် အခမ်းအနားအတွက် ထျန်အန်းမင် ရင်ပြင်ရှေ့ကနေ စစ်သား ဦးရေ ၁၅,၀၀၀ ၊ တင့်ကားတွေ၊ နည်းပညာမြင့် လက်နက်တွေနဲ့ စီတန်းဖြတ်လျှောက်ဖို့ အဆင့်သင့်ရှိနေခဲ့ကြပါတယ်။

Mizzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required