အပြစ်ရှိကြောင်း စွဲဆိုရင် စုံစမ်းစစ်ဆေးခံရတာကို ထရမ့်က ဖေ့ဘုတ်မှာ ဒေါ်လာများစွာ သုံးပြီး ချေဖျက်နေ

အပြစ်ရှိကြောင်း စွဲဆိုရင် စုံစမ်းစစ်ဆေးခံရတာကို ထရမ့်က ဖေ့ဘုတ်မှာ ဒေါ်လာများစွာ သုံးပြီး ချေဖျက်နေ

၀ါရှင်တန်၊ အောက်တိုဘာ ၁ ။          ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၎င်းကို အပြစ်ရှိကြောင်း စွဲဆိုရင် စုံစမ်းစစ်ဆေးခံနေရတာကို ၎င်းရဲ့ လူမှုမီဒီယာ အင်အားကို သုံးပြီး ချေဖျက်ဖို့ ကြိုးစားလျက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာတင် ထရမ့်ဟာ တွစ်တာပေါ်မှာ တွစ်ရေးသားတာ၊ ပြန်ရှယ်တာတွေကို အကြိမ်ပေါင်း ၁၀၀ ကျော်မက လုပ်ဆောင်ခဲ့ပါတယ်။

ဒီအတူပဲ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ထရမ့်ရဲ့ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရရေး မဲဆွယ်လုပ်ငန်းစဉ်အတွင်း ဖေ့ဘုတ်ကြော်ငြာတွေမှာ ဒေါ်လာ ထောင်ပေါင်းများစွာသုံးပြီး အဲဒီ စုံစမ်းစစ်ဆေးခံရတဲ့ အကြောင်းအရာကို တန်ပြန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ထရမ့်ရဲ့ ဖေ့ဘုတ်ပေ့ချ်ပေါ်က ကြော်ငြာပေါင်း ၁၈၀၀ ကျော်ထက်မနည်းဟာ အပြစ်ရှိကြောင်း စွဲဆိုတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပစ်မှတ်ထား ဖော်ပြထားတာတွေ ဖြစ်နေပါတယ်။

အဲဒီ ကြော်ငြာတွေကို ဖေ့ဘုတ်ပေါ်မှာ အကြိမ်ရေ ၁၆ သန်းကနေ ၁၈ သန်းအထိ ကြည့်ရှုထားကြပြီး ထရမ့်ရဲ့ မဲဆွယ်အဖွဲ့ဟာ ခုလို ဖေ့ဘုတ်ကြေညာတွေအတွက် အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ သိန်းနှစ်ဆယ်ကြား သုံးစွဲခဲ့ရတယ်လို့ နယူးယောက်တက္ကသိုလ် တန်ဒွန်အင်ဂျင်နီယာကျောင်းက သုတေသီတစ်ဦးဖြစ်တဲ့ လော်ရာအီဒယ်ဆန်ရဲ့ သုတေသနပြုချက်က ဖော်ပြပါတယ်။

 ‘အပြစ်ရှိကြောင်း စွဲဆိုမှု ခုခံကာကွယ်ခြင်း တရားဝင် လုပ်ငန်းစဉ်အဖွဲ့’လို့ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့ရဲ့ စည်းလုံးရေးအတွင်းမှာ ထရမ့်ဟာ ပြည်သူတွေရဲ့ ထောက်ခံမှုရဖို့ ဖေ့ဘုတ်ကြော်ငြာတွေကို အသုံးချလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မွာ ပါဝင်ဖို႔ ဖိတ်ေခါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly