ဦးစားပေးအနေနဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုသွားတဲ့ ဆိုးလ်ရှား

ဦးစားပေးအနေနဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုသွားတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းအတွက် ကစားသမား ခေါ်ယူဖို့ ကြိုးစားမှုမအောင်မြင်ခဲ့တဲ့နောက် ဇန်နဝါရီမှာ ဦးစားပေးအနေနဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူလိမ့်မယ်လို့ ဆိုးလ်ရှားက အတည်ပြုပြောဆိုလိုက်ပါတယ်။

ဆိုးရှားလ်ဟာ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အင်တမီလန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ ခွင့်ပြုခဲ့ပေမယ့် သူဟာ နောက်ထပ် တိုက်စစ်ကစားသမား ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ဆွမ်ဆီးအသင်းမှ အသက် (၂၁)နှစ်ရှိ ဝေးလ်တောင်ပံကစားသမား ဒန်နီယဲလ် ဂျိမ်းစ်ကို ခေါ်ယူခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ လက်ရှိမှာ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်နဲ့ ကစားရမယ့် တနင်္လနေ့ပွဲအတွက် တိုက်စစ်ပိုင်း အခက်အခဲကြုံတွေ့နေပြီဖြစ်ပါတယ်။

အသက် (၁၇)နှစ်အရွယ် မေဆင် ဂရင်းဝုဒ်ကို ကစားဖို့ ရွေးချယ်နိုင်ပေမယ့် ယူနိုက်တက်နည်းပြက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို အားဖြည့်တင်းဖို့ ပြင်းပြနေတယ်လို့ ဝန်ခံပါတယ်။

"အလက်ဆစ်နဲ့ ရိုမီလူကို ကျနော်တို့ ထွက်ခွာခွင့်ပြုခဲ့တယ်။ နောက်တစ်ကြိမ် ကျနော်တို့ ခေါ်ယူသွားမှာက တိုက်စစ်မှူးတစ်ဦးပါ။ ဒါကို သိဖို့အတွက် ခင်ဗျားအနေနဲ့ ဒုံးကျည်သိပ္ပံပညာရှင်တစ်ဦးတောင် ဖြစ်နေစရာ မလိုပါဘူး။ ကျနော်တို့ဟာ ဖန်တီးမှုတွေနဲ့ သွင်းဂိုးတွေအတွက် ကစားသမားတချို့ကို ရှာဖွေနေတာဖြစ်ပါတယ်။"လို့ ဆိုးလ်ရှားက ပြောပါတယ်။

"တိုက်စစ်မှူးတွေ ရှိခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့ ကစားသမားကိုတော့ မရခဲ့ပါဘူး။ ကျနော်တို့အတွက် မှန်ကန်မယ့်ကစားသမားဆိုရင် ကျနော်တို့ ရပါလိမ့်မယ်။

"လူကာကူအတွက် ထွက်ခွာရမယ့် အချိန်ဖြစ်ခဲ့ပါတယ်။ သူ ဒါကို သိပါတယ်။ သူက ဒီမှာ မရှိချင်တော့တာပါ။ အသင်းမှာ မနေချင်တော့တဲ့ ကစားသမားတွေ ဆက်ရှိနေလို့ ဘာအဓိပ္ပါယ်ရှိမှာလဲ၊ ပြီးတော့ ၁၀၀ ရာခိုင်နှုန်း သေချာမှုမရှိတဲ့ ကစားသမားတွေကို အသင်းကို ခေါ်ဖို့ကတော့ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။

“ကစားသမားခေါ်ယူတဲ့အခါ အသင်းမှာ အချိန်အတော်ကြာကြာ ပေးဆပ်ကစားပေးမယ့် မှန်ကန်သင့်တော်မယ့် သူတွေကို ခေါ်ယူဖို့ လိုအပ်တာပါ။ ရေရှည်စဉ်းစားရတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly