နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး ရုရှားအတိုက်အခံတွေ တောင်းဆိုဆန္ဒပြ

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး ရုရှားအတိုက်အခံတွေ တောင်းဆိုဆန္ဒပြ

မော်စကို၊ စက်တင်ဘာ ၃၀ ။       ။ ရုရှားနိုင်ငံမှာ ပြီးခဲ့တဲ့ လတွေအတွင်းက အခွင့်မရှိဘဲ ဆန္ဒပြမှုတွေမှာ ဖမ်းဆီးခံခဲ့ရသူတွေကို အဓိကထားပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တနင်္ဂနွေနေ့က စုရုံးဆန္ဒပြကြပါတယ်။

အတိုက်အခံ Libertarian Party က ခေါင်းဆောင် ဆာဂျီဘွိုင်းကိုက ၎င်းတို့ရဲ့ တောင်းဆိုချက်ကို မော်စကိုမြို့ပြကောင်စီက အစောပိုင်းမှာ ပယ်ချပေမယ့် လူထုဖိအားက သူတို့တွေကို စိတ်ပြောင်းသွားတယ်လို့ ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေတာပါ။ ကျွန်တော်တို့တွေ လူဒါဇင်နဲ့ချီပြီးကို လွှတ်ပေးဖို့ တောင်းဆိုတယ်။”လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အစိုးရကို ဆန့်ကျင်တဲ့ အခွင့်မရှိဘဲ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးထားသူတွေထဲက အချို့ကို ရဲတပ်ကို တိုက်ခိုက်မှု၊ ဆူပူအကြမ်းဖက်မှု စတာတွေနဲ့ ပြစ်ဒဏ်စီရင်သလို နိုင်ငံရေးသမားတွေနဲ့ လူအခွင့်အရေး လှုပ်ရှားသူ တော်တော်များများကိုလည်း မမှန်တိုင်ချက်ဖွင့်ပြီး ရာဇဝတ်မှုတွေနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly