ဟောင်ကောင်၊ စက်တင်ဘာ ၃၀ ။ ။ ဟောင်ကောင်မှာ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ကွန်မြူနစ်တရုတ်ကို ဆန့်ကျင်တဲ့ အခွင့်မရဘဲ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေဟာ ရဲနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ပြီး ဆူပူအကြမ်းဖက်မှုတွေဆီ ရုတ်ခြည်းကူးပြောင်းသွားပါတယ်။
ခရိုင်အချို့မှာ ဟိုတစ်စ သည်တစ်စ မီးတင်ရှို့မှုတွေ ဖြစ်ပွားရာက မီးခိုးတွေ လိမ့်တက်နေတာကို မြင်တွေ့ရပါတယ်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရေအမြောက်တွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ဟောင်ကောင်မှာ စနေ၊ တနင်္ဂနွေနေ့တိုင်းလိုလို ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်နေပါတယ်။
အခု ထိပ်တိုက်တွေ့ ဆန္ဒပြမှုဟာ ဟောင်ကောင်မှာ အစိုးရကို ဆန့်ကျင်ပြီး သီတင်းပတ် ၁၇ ပတ်မြောက် ဆန္ဒပြမှုပဲ ဖြစ်ပါတယ်။
ဟောင်ကောင်က တရားခံတွေကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းမယ့် ဥပဒေကို ပြဌာန်းဖို့ လုပ်ဆောင်လာတာကို ကန့်ကွက်ရင်း စတင်ဖြစ်ပေါ်ခဲ့တဲ့ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဖြေရှင်းနိုင်မယ့် လမ်းမမြင်ရဘဲ ဟောင်ကောင်ကို နိုင်ငံရေးအကျပ်အတည်း ဆိုက်နေစေတော့တာ ဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/