လန်ဒန်ကနေ ဆစ်ဒနီကို လေးနာရီတည်းနဲ့ ပျံသန်းပေးနိုင်မယ့် Hypersonic အာကာသ လေယာဉ်

By CNN
30 September 2019
လန်ဒန်ကနေ ဆစ်ဒနီကို လေးနာရီတည်းနဲ့ ပျံသန်းပေးနိုင်မယ့် Hypersonic အာကာသ လေယာဉ်

စက်တင်ဘာ ၃၀ ။          ။ လာမယ့် ၂၀၃၀ နှစ်တွေမှာ လန်ဒန်ကနေ ဆစ်ဒနီဆီ ပျံသန်းတဲ့ လေယာဉ် ခရီးစဉ်ပျံသန်းချိန်တွေဟာ ၈၀ ရာခိုင်နှုန်းလောက် အချိန်ပိုမိုတိုတောင်းသွားနိုင်ဖို့ ရှိနေပါတယ်။

ယူကေမှာ ထုတ်လုပ်တည်ဆောက်နေတဲ့ အသံထက် ငါးဆမြန်တဲ့ hypersonic ဒုံးအင်ဂျင်တစ်ခုပါ အာကာသလေယာဉ်နဲ့ ယင်းခရီးစဉ်ကို ပျံသန်းပေးသွားနိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။

ယခုအခါမှာ “ကမ္ဘာ့ ပထမဆုံးသော အာကာသ တံတား” လို့ အမည်ပေးထားတဲ့ သဘောတူညီချက်တစ်ခုနဲ့အတူ သြစတြေးလျ အာကာသ အေဂျင်စီနဲ့ အကြား ပိုမို နီးကပ်စွာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ယူကေ အာကာသ အေဂျင်စီက ၂၀၁၉ ခုနှစ် ယူကေ အာကာသ ကွန်ဖရင့်မှာ ကြေညာသွားခဲ့ပါတယ်။

အောက်စ်ဖို့ဒ်ရှိုင်းယား အခြေစိုက် Reaction Engines ကုမ္ပဏီက ထုတ်လုပ်တဲ့ Synergetic Air-Breathing Rocket Engine (SABRE) အင်ဂျင်ကတော့ အဆိုပါ အာကာသလေယာဉ် ပျံသန်းရေးလုပ်ငန်းအတွက် အဓိက ကျလာဖို့ ရှိနေပါတယ်။

“ ကျွန်တော်တို့ ဒီ SABRE ရော့ကက် အင်ဂျင်ကို အကောင်အထည်ပေါ်လာအောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်ချိန်မှာတော့ ဒီဟာနဲ့အတူ သြစတြေးလျအထိ အချိန် လေးနာရီတည်းနဲ့ ရောက်အောင်  ပျံသန်းနိုင်ကောင်း ပျံသန်းနိုင်ပါတယ်” လို့ ယူကေ အာကာသ အေဂျင်စီ အကြီးအကဲ ဂရေဟမ် တန်းနော့ခ်က ပြောသွားခဲ့ပါတယ်။

“ ဒီဟာကတော့ သေချာပေါက် အကောင်အထည်ပေါ်အောင် လုပ်နိုင်မယ့် နည်းပညာပါ၊ ဒါကို ၂၀၃၀ လောက်မှာ လည်ပတ်အသုံးချနိုင်ဖို့ ရှိပါတယ်။ ဒီလုပ်ငန်းစဉ်ကတော့ အတော်လေးလည်း ခရီးပေါက်နေပါပြီ” လို့ ၎င်းက ပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly