အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ကျင်းပစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်

By AFP
29 September 2019
အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ကျင်းပစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်

စက်တင်ဘာ ၂၉ ။           ။ အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲတွေကို စက်တင်ဘာ ၂၈ ရက်က လုံခြုံရေး တင်းကျပ်စွာ ချထားရင်းနဲ့ စတင်ကျင်းပခဲ့ပါတယ်။

သို့ပေမယ့် ဒီ မဲပေးမှု လုပ်ငန်းစဉ်ကို ပျက်ပြားစေဖို့ ဆန္ဒရှိနေတဲ့ တာလီဘန် သောင်းကျန်းသူတွေကတော့ ယင်းနေ့မှာပဲ နိုင်ငံတစ်ဝန်း မဲရုံတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့ရာမှာ အနည်းဆုံး လူ ငါးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သွေးထွက်သံယိုများခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု ကမ်ပိန်းအဆုံးသတ်ပြီး ယခု ကျင်းပတဲ့ သမ္မတ  ရွေးကောက်ပွဲကတော့ လက်ရှိ သမ္မတ အာရှ်ရက်ဖ် ဂါနီ နဲ့ ၎င်းရဲ့ ပြိုင်ဘက် အဗ္ဘဒူလာ အဗ္ဘဒူလာ တို့အကြားက ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

မြို့တော် ကာဘူးလ်မှာတော့ ဆန္ဒမဲပေးမှုလုပ်ငန်းစဉ်အပေါ် အသေခံဗုံးခွဲသမားတွေရန်ကနေ ကာကွယ်နိုင်အောင်လို့ လုံခြုံရေးထူထဲစွာ ချထားသလို လမ်းတွေပေါ်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ တင်းကျပ်စွာ  စောင့်ကြည့်ကင်းလှည့်နေခဲ့ပါတယ်။

နှစ်လကြာ ရွေးကောက်ပွဲ ကာလအတွင်း ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ထားခဲ့တဲ့ တာလီဘန်တို့ကတော့ ယခုရွေးကောက်ပွဲကို အတုအယောင် လို့ ပြောဆိုပြီး တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ကြုံးဝါးထားခဲ့တာ ဖြစ်ပါတယ်။

ယခု ရွေးကောက်ပွဲ ကျင်းပစဉ် နိုင်ငံတစ်ဝန်း မဲရုံတွေကို ပစ်မှတ်ထားခဲ့တဲ့ ဖောက်ခွဲ တိုက်ခိုက်မှုတွေအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး အရပ်သား ၃၇ ဦး ဒဏ်ရာရထားကြောင်း တာဝန်ရှိသူတွေက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly