တရုတ်အရှေ့ပိုင်းမှာ ကားမတော်တဆမှုကြောင့် လူ (၃၆) ဦး သေဆုံးပြီး (၃၆) ဦး ဒဏ်ရာရ

By AFP
29 September 2019
တရုတ်အရှေ့ပိုင်းမှာ ကားမတော်တဆမှုကြောင့် လူ (၃၆) ဦး သေဆုံးပြီး (၃၆) ဦး ဒဏ်ရာရ

စက်တင်ဘာ ၂၉ ။         ။ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်တဲ့ ကားမတော်တဆမှုတစ်ခုအတွင်း အနည်းဆုံး လူ ၃၆ ဦး သေဆုံးပြီး အခြား ၃၆ ဦး ဒဏ်ရာရရှိသွားတယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။

လူ အပြည့်အသိပ် တင်ဆောင်လာခဲ့ ခရီးသည်တင် ဘတ်စ်ကားတစ်စီးဟာ တာယာကွဲပြီး အခြား ထရပ်ကားတစ်စီးကို ဝင်တိုက်ခဲ့မိတာ ဖြစ်ပါတယ်။

ခရီးသည် ၆၉ ဦးအထိ အပြည့်အကျပ် တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ဘီးပေါက်ပြီး တစ်ဘက်ယာဉ်ကြောကို ရောက်သွားကာ မျက်နှာချင်းဆိုင်ကနေ လာတဲ့ ကုန်တင် ထရပ်ကားနဲ့ တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်း ယာဉ်တိုက်မှုဖြစ်စဉ်ကတော့ ကျန်းစု ပြည်နယ် အရှေ့ပိုင်း အမြန်လမ်းမတစ်ခုပေါ်မှာ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ယီရှင်း အများပြည်သူ လုံခြုံရေး ဗျူရိုက ပြောပါတယ်။

ကနဦး စစ်ဆေးချက်အရ ခရီးသည် ဘတ်စ်ကားဟာ ရှေ့ ဘယ်ဘက် ဘီး တာယာကွဲရာကနေ ခုလို ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်း ဖြစ်စဉ်မှာ လူ ၃၆ ဦးထိ သေဆုံးခဲ့ရပြီး အခြား ဒဏ်ရာရသူ ၃၆ ဦးအနက် ကိုးဦးကတော့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly