ဟွန်းသံ ဆန့်ကျင်ရေး တစ်ကိုယ်တော် ကမ်ပိန်း လုပ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသား

By AFP
29 September 2019
ဟွန်းသံ ဆန့်ကျင်ရေး တစ်ကိုယ်တော် ကမ်ပိန်း လုပ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသား

စက်တင်ဘာ ၂၉ ။               ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး ဖြစ်တဲ့ မိုမီနာ ရာမန် ရိုင်ယယ် ကတော့ ဒါကာမြို့က လမ်းမတွေပေါ်မှာ ဟွန်းသံ ဆန့်ကျင်ရေး တစ်ကိုယ်တော် ကမ်ပိန်းတစ်ခုကို လုပ်ခဲ့ပြီးတဲ့နောက် လူမှုကွန်ရက်မှာ ဟီးရိုးသဖွယ် ချီးကျူးခံခဲ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ် ရာမန် ကတော့ ကမ္ဘာ့ အဆူညံဆုံးသော မြို့ကြီးတစ်မြို့မှာ မလိုအပ်ဘဲ တီးတဲ့ ဟွန်းသံတွေ လျော့ကျသွားစေရေးအတွက် တစ်ဦးတည်း အားထုတ်ကြိုးပမ်းနေသူလည်းဖြစ်ပါတယ်။

တကယ်တမ်းဆိုရင်လည်း ဒါကာမြို့က လမ်းတွေမှာဆိုရင်  ကား၊ ဆိုင်ကယ်တွေဆီကနေ ထွက်တဲ့ ဟွန်းသံတွေကြောင့် ကျွက်ကျွက်ညံအောင် ဆူညံလွန်းတတ်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကဆိုရင် ၎င်းဟာ ၎င်းနေထိုင်တဲ့ အိမ်အနီး လမ်းဆုံတစ်ခုမှာ အဝါရောင် စာတန်းတစ်ခုပါ လက်ကိုင် ပိုစတာတစ်ခုနဲ့ ၎င်းရဲ့ ကမ်ပိန်းကို လုပ်ဆောင်ခဲ့ပါတယ်။

၎င်းကိုင်ဆောင်ထားတဲ့ ပိုစတာမှာ ဆိုရင် “မလိုအပ်ဘဲ ဟွန်းသံ မြည်အောင် လုပ်တဲ့ ကောင်က  သောက်ရူးပဲ ဖြစ်တယ်” လို့ ရေးထားပါတယ်။

“ ဒါက တကယ်တော့ ဆူညံသံတွေ နဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ အသံတိတ် ဆန္ဒပြမှုပါ၊ ဒါကလည်း ပြည်သူတွေကို ပေးချင်တဲ့ မက်ဆေ့ချ်ပါ” လို့ ရာမန်က အေအက်ဖ်ပီကို ပြောသွားပါတယ်။

ရာမန်ဟာ ၎င်းရဲ့ ဒီကမ်ပိန်းကို ပြီးခဲ့တဲ့ လေးနှစ်လောက်ကတည်းက စလုပ်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ သူ့ရဲ့ လုပ်ရပ်အပေါ် လူထုရဲ့ တစ်ခဲနက် ထောက်ခံအားပေးမှုကိုပါ ရထားကြောင်း ဂရပ်ဖစ် ဒီဇိုင်နာလည်းဖြစ်တဲ့ ရာမန်က ပြောသွားခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required