မြို့ကြီးအချို့တွင် ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပေါ်မည်ဟူသောစာကို KNU ငြင်းဆို

မြို့ကြီးအချို့တွင် ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပေါ်မည်ဟူသောစာကို KNU ငြင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၈ ။          ။ နေပြည်တော်အပါအဝင် မြို့ကြီးအချို့တွင် ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပေါ်မည်ဟူ၍ ပေါ်ထွက် နေသည့်စာနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မသက်ဆိုင်ကြောင်း စာတစ် စောင်ကို ထုတ်ပြန် ငြင်းဆိုလိုက်သည်။

နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဆွေဦး၏ လက်မှတ်ဖြင့် လုံခြုံရေးအထူးဂရုပြုရန်လမ်းညွှန်ထားသော အဆိုပါညွှန်ကြားစာကြောင့် နိုင်ငံတကာ သံရုံးများမှလည်း သတိပေးထုတ်ပြန်ချက်များပြုလုပ်လာကြ၍ သတင်းအမှန်ကို ထုတ်ပြန်ပြောဆို ရခြင်းဖြစ်သည်ဟု KNU မှဆိုထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထိခိုက်ပျက်ဆီးစေရန် လုပ်ဆောင် သည့် မူဝါဒမရှိကြောင်းနှင့် မည်သည့်လက်အောက်ခံအဖွဲ့တစ်ခုခုအနေဖြင့်လည်း ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမျှလုပ်ဆောင်ရန်မရှိကြောင်းတို့ပါရှိသည်။

“ အစည်းအဝေးမျိုးမပြုလုပ်ခဲ့သလို ဖောက်ခွဲမှုများပြုလုပ်ရန်အတွက် KNU ၏ မည်သည့် လက် အောက်ခံ အဖွဲ့ကိုမှ ညွှန်ကြားထားခြင်းမျိုး လုံးဝ(လုံးဝ) မရှိပါ ” ဟု KNU ထိပ်ပိုင်းခေါင်းဆောင် များကပြောသည်။
လူမှုကွန်ယက်မှတစ်ဆင့် ပျံ့နှံ့လာသောအဆိုပါစာထဲတွင် AA အဖွဲ့၊ KIA အဖွဲ့နှင့် အခြားစိစစ်ဆဲ အဖွဲ့များ အပြင် NCA ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) တို့ အပါအဝင် စုစုပေါင်း ၂၀ ဦးမှာ သြဂုတ်လ ၃၀ ရက်တွင် အစည်းအဝေးပြုလုပ်ကာ ဖောက်ခွဲမှုပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဟု ရေးသားထားသည်။

ထို့ကြောင့် ချင်းအမျိုးသားတပ်ဦး (CNF) ပါနေသည်ဆိုသည့်အပေါ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကလည်း အဆိုပါသတင်းမှာ မမှန်ကန်ကြောင်း မဇ္စျိမသို့အတည်ပြုခဲ့သည်။
နေပြည်တော်အပါအဝင် မြို့ကြီးအချို့တွင် ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပေါ်မည်ဟူ၍ ပေါ်ထွက်ခဲ့သည့် သတင်းများနှင့်ပတ်သက်၍ တပ်မတော် အနေဖြင့် လုံခြုံရေးကို ဂရုတစိုက် ဆောင်ရွက်နေသည်ဟု

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္စျိမသို့ ပြောဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required