ဂရီးဇ်မန်းကို တရားမဝင် ချဉ်းကပ်မှုအတွက် ဘာစီလိုနာကို (၂၆၅)ပေါင်သာ ဒဏ်ရိုက်တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်

ဂရီးဇ်မန်းကို တရားမဝင် ချဉ်းကပ်မှုအတွက် ဘာစီလိုနာကို (၂၆၅)ပေါင်သာ ဒဏ်ရိုက်တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်
Photo: EPA

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းကာလမှာ တိုက်စစ်မှူး ဂရီးဇ်မန်းကို ခေါ်ယူရာမှာ လာလီဂါပြိုင်ဘက် အက်သလက်တီကိုအသင်းထံမှ တရားဝင်ခွင့်ပြုချက်မရဘဲ ကစားသမားနဲ့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချက်မှတ်လိုက်ပြီဖြစ်ပါတယ်။

ချမှတ်လိုက်တဲ့ ဒဏ်ငွေကတော့ အံ့အားသင့်စရာကောင်းလောက်အောင် ထူးခြားနေပါတယ်။ (၂၆၅)ပေါင်သာဖြစ်လို့ပါ။

ဂရီးဇ်မန်းဟာ မူလက အက်သလက်တီကိုအသင်းနဲ့ ပေါင်သန်း (၁၈၀)တန် လျော်ကြေးစာချုပ်ချုပ်ဆိုထားပေမယ့် စာချုပ်ပါသဘောတူညီချက်အရ ဇူလိုင်လ ၁ ရက်နောက်ပိုင်းကို ပေါင် (၁၀၇)သန်းအဖြစ် လျော့ကျသတ်မှတ်ခဲ့ပါတယ်။ 

ဘာစီလိုနာက အဲဒီအချိန်ရောက်မှ ကစားသမားကို စာချုပ်ဖျက်သိမ်းခ ပေါင် (၁၀၇)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းကတော့ ဂရီးဇ်မန်းနဲ့ ဘာစီလိုနာတို့ ကြိုတင်ဆွေးနွေးခဲ့လို့သာ ဒီအချက်ကို အသုံးချတာဖြစ်တယ်လို့ ယုံကြည်နေပြီး ကတ်တာလန်အခြေစိုက်ကလပ်ဆီက နောက်ထပ်ပေါင်သန်း (၇၀) ရလိုတယ်လို့ အဖွဲ့ချုပ်ဆီ တိုက်ကြားခဲ့ပါတယ်။

ဒါ့ကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဘာကာဟာ အက်သလက်တီကိုရဲ့ ခွင့်ပြုချုက်မရဘဲ မတ်လကတည်းက ဂရီးဇ်မန်းနဲ့ ဆွေးနွေးတာဖြစ်လို့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ဒဏ်ကြေး (၂၆၉)ပေါင် ချမှတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒဏ်ကြေးငွေ အလွန်နည်းပါးရခြင်းအကြောင်းက ပြိုင်ပွဲကျင်းပရေးကော်မတီက ဘာစီလိုနာနဲ့ ဂရီးဇ်မန်းတို့ ဆွေးနွေးခဲ့ကြတာကို သက်သေအထောက်အထားမပြနိုင်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်သင်းစလုံးကလည်း အယူခံဝင်သွားဖို့ စီစဉ်နေကြတယ်လို့ သိရှိရပါတယ်။

Ref; AFP, Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly