ရခိုင်ရိုးရာဆီမီးခွက်အကကို မြတ်နိုးသူ ဒေါ်ညိုညိုစော

ရခိုင်ရိုးရာဆီမီးခွက်အကကို မြတ်နိုးသူ ဒေါ်ညိုညိုစော

ရခိုင်ရိုးရာ ဆီမီးခွက်အကနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို မြတ်နိုးတတ်သူ ဒေါ်ညိုညိုစော က မျိုးဆက်သစ်လူငယ်အမျိုးသမီးတွေကို ရခိုင်ရိုးရာ အကတွေကို ပြန်လည်လက်ဆင့်ကမ်းသင်ကြားပေးနေသူဖြစ်ပါတယ်။ သူက ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာနေထိုင်ပြီး ရခိုင်ရိုးရာယဉ်ကျေးမှု အကတွေကို သူ့အသက် ၁၃ နှစ်အရွယ်ကထဲက စပြီးကခဲ့သူတစ်ယောက်ပါ။ ဗုဒ္ဓပူဇနိယ အကကို ဘာသာရေးဆိုင်ရာ ဘုရားပွဲတွေနဲ့ သက်ကြီးရွယ်အို ပူဇော်ပွဲတွေမှာ အများဆုံးကပြ ဖျော်ဖြေရတာဖြစ်ပါတယ်။ ဒေါ်ညိုညိုစောက ပွဲတွေမှာ ကိုယ်တိုင်လည်း လိုက်ကသလို သမိုင်းဆိုင်ရာ ပြဇာတ်တွေနဲ့ ဇာတ်ထုတ်တွေမှာလည်း နောက်ခံ တေးသီချင်းတွေကိုပါ သီဆိုသူတစ်ယောက်ဖြစ်ပါတယ်။ ဒေါ်ညိုညိုစော အကြောင်းအပြည့်အစုံကိုတော့ သတင်းထောက် နောင်နောင်က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ရှုစားကြပါရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required