စစ်တမ်းအရ ၂၀၁၉ အတွင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာ လေးစားအခံရဆုံး အားကစားသမားဖြစ်

စစ်တမ်းအရ ၂၀၁၉ အတွင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာ လေးစားအခံရဆုံး အားကစားသမားဖြစ်
Photos: EPA

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့မှာ ထရမ့်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ထက် ပိုပြီးလေးစားခံရ   

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဒီနှစ်ရဲ့ လေးစားအခံရဆုံး အားကစားသမားဖြစ်နေတယ်လို့ ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုအပေါ် အခြေပြုပြီး သိရပါတယ်။

ဒီစစ်တမ်းကို ဗြိတိန်အခြေစိုက် အင်တာနက်အခြေပြုစျေးကွက် သုတေသနနဲ့ အချက်အလက်သရုပ်ခွဲတဲ့ အဖွဲ့အစည်း YouGov က ပြုလုပ်ခဲ့တာပါ။

YouGov ဟာ နိုင်ငံပေါင်း (၄၁)နိုင်ငံက လူပေါင်း (၄၂,၀၀၀)ကျော်ကို စစ်တမ်းကောက်ယူခဲ့မှုနဲ့အတူ ၂၀၁၉ မှာ ကမ္ဘာပေါ် လေးစားမြတ်နိုးအခံရဆုံး အမျိုးသားနဲ့ အမျိုသမီးပုဂ္ဂိုလ်စာရင်းများကို အတူတကွ ဖော်ပြခဲ့ပါတယ်။

ပြီးတော့ အဲဒီစာရင်းမှာ ဘလွန်းဒီအော် (၅)ဆုရှင် ရော်နယ်လ်ဒိုက အားကစားသမားတွေထဲ အမြင့်ဆုံးအဆင့်မှာ ရပ်တည်နိုင်ခဲ့ပြီး အမျိုးသားစာရင်းမှာ (၃)ဆင့် တက်သွားကာ အဆင့် (၇)နေရာ ရပ်နိုင်ခဲ့တာပါ။ သူ့ရဲ့ အဓိကပြိုင်ဘက် စူပါစတား လီယွန်နယ် မက်ဆီကလည်း ပြီးခဲ့တဲ့နှစ်ကထက် (၂)ဆင့်တက်လာပေမယ့် ရော်နယ်လ်ဒိုနဲ့ (၂)ကွာဟနေပြီး အဆင့် (၉)နေရာမှာ ရပ်တည်နေတာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ဘောလုံးလောကရဲ့ အမြင့်ဆုံးအဆင့်အတန်းမှာ စိုးမိုးနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်တို့ထက်တောင် ပိုပြီးလေစားခံရပါတယ်။

၂၀၁၉ အတွက် ကမ္ဘာ့ပေါ်မှာ လူလေးစားအခံရဆုံးအမျိုးသာ (၂၀)ဦးစာရင်းမှာ မိုက်ခရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်က ထိပ်ဆုံးနေရာက ရပ်တည်နေဆဲဖြစ်ပြီး ထိပ်ဆုံး (၁)နေရာကနေ (၅)နေရာအတွင်းကတော့ ပြီးခဲ့တဲ့နှစ်အတိုင်း အပြောင်းအလဲမရှိတာကို တွေ့ရပါတယ်။

ဘီလ်ဂိတ်ရဲ့နောက်မှာတော့ အမေရိကန်သမ္မတဟောင်း အိုဘားမား၊ ဒုတိယနေရာကနေ ရပ်တည်နေပြီး တတိယနေရရရှိထားသူကတော့ ပရိတ်သတ်အချစ်တော် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းပါ။

အမျိုးသမီးစာရင်းဘက်မှာတော့ အိုဘားမားရဲ့ ဇနီးဖြစ်သူ မီချယ်အိုဘားမားက အဆင့် (၁)ဆင့်တက်ကာ ထိပ်ဆုံးရောက်လာခဲ့ပြီး နာမည်ကြီးဟောလီးဝုဒ်သရုပ်ဆောင် အိန်ဂျလီနာ ဂျိုလီကတော့ အဆင့် (၁)ဆင့်ကျသွားကာ တတိယနေရာဆင်းပေးလိုက်ရပါတယ်။

Ref; Sport Bible

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly