ရခိုင်ပြည် စစ်တွေမြို့ က ပန်းရံ ဆရာ ဒေါ်ခင်ခင်ဝင်း

ရခိုင်ပြည် စစ်တွေမြို့ က ပန်းရံ ဆရာ ဒေါ်ခင်ခင်ဝင်း

ရခိုင်ပြည် စစ်တွေမြို့ က ပန်းရံ ဆရာ ဒေါ်ခင်ခင်ဝင်း အ ကြောင်း ကို တင်ဆက်ပေးချင်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အမျိုးသားပန်းရံ ဆရာတွေကို တော်တော်များများ တွေ့ရမှာ ဖြစ်ပြီး အမျိုးသမီး ပန်းရံ ဆရာမ ဆိုတာကိုတော့ တွေ့ရမှာ မဟုတ်ပါဘူး။ ဒီလို အမျိုးသမီး လုပ်ကိုင်တာ ရှားပါးလှတဲ့ ပန်းရံအတတ်ပညာကို သင်ယူတတ်မြောက်ပြီး အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်နေသူကတော့ ဒေါ်ခင်ခင်ဝင်းဖြစ်ပါတယ်။ အမျိုးသားတွေနဲ့ ရင်ဘောင်တန်း လုပ်ကိုင်နိုင်ပေမယ့် အမျိုးသားတွေနည်းတူ ငွေကြေး ရရှိတာမျိုးတော့မဟုတ်ပါဘူး။ သူ့ရဲ့ လုပ်ငန်းခွင် အ ကြောင်းကိုတော့ သတင်းထောက် နောင်နောင်က ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံ ရပ်ကွက်မှာ သွားရောက် ရိုက်ကူးပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly