သမ္မတ ထရမ့်အား အပြစ်ရှိကြောင်း စွဲချက်တင်ရန် စုံစမ်းစစ်ဆေးမှု စတင်

By AFP
25 September 2019
သမ္မတ ထရမ့်အား အပြစ်ရှိကြောင်း စွဲချက်တင်ရန် စုံစမ်းစစ်ဆေးမှု စတင်

၀ါရှင်တန်၊ စက်တင်ဘာ၂၅ ။           ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား နိုင်ငံရေးပြိုင်ဖက်ကို အလဲထိုးရန် ပြည်ပနိုင်ငံတစ်နိုင်ငံအပေါ် ဖိအားပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အပြစ်ရှိကြောင်း စွဲချက်တင်ရန် ဒီမိုကရက်တစ်ပါတီက စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ပါတယ်။

သမ္မတ ထရမ့်နဲ့ ယူကရိန်း သမ္မတ ဇီလန်စကီတို့ရဲ့ ဖုန်းပြောဆိုမှုတွေကို ထောက်လှမ်းရေးဖော်ကောင်တစ်ဦးက ကွန်ဂရက်ကို တိုင်ကြားလာတာ ဖြစ်ပါတယ်။

တိုင်ကြားချက်ကို ထုတ်ပြန်ဖို့ ထရမ့် အစိုးရက ငြင်းပယ်မှာ ထရမ့်ဟာ ၎င်းရဲ့ ရွေးကောက်ပွဲ အဓိက ပြိုင်ဖက်ဖြစ်တဲ့ ဂျိုးဘိုင်ဒင်ရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ ယူကရိန်းသမ္မတကို ဖိအားပေးခဲ့တာဖြစ်တယ်လို့ ဒီမိုကရက်တွေက ဆိုပါတယ်။

ယူကရိန်မှာ ဂျိုးဘိုင်ဒင်နဲ့ သားဖြစ်သူ ဟန်တာတို့ရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်တာတွေကို စုံစမ်း မပေးမချင်း လက်နက်ထောက်ပံ့မှာ မဟုတ်ဘူးလို့ ထရမ့်က ခြိမ်းခြောက်ခဲ့တယ် ဆိုပါတယ်။

သမ္မတ ထရမ့်က ငြင်းဆန်ထားတဲ့ ဒီ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒီမိုကရက်ပါတီက သမ္မတ ထရမ့်ကို အပြစ်ရှိကြောင်း စွဲချက်တင်နိုင်ရေး စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ ဒီလို လုပ်ဆောင်လာတာဟာ သမိုင်းမှာ အဆိုးဝါးဆုံး မလိုသူကို ဖယ်ရှားမှုပဲ ဖြစ်တယ်လို့ ရှုတ်ချပြောဆိုပြီး ခုလို စုံစမ်းစစ်ဆေးမှုကြောင့် သမ္မတ သက်တမ်း ပြန်လည်အရွေးခံရဖို့ ပိုပြီးတောင် အခွင့်အရေး မြှင့်တင်ပေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

 Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required