စိုက်ပျိုးရေမရသည့် စပါးခင်းများ ပျက်ဆီးဆုံးရူံးမှု ဖြစ်ပေါ်နေ

စိုက်ပျိုးရေမရသည့် စပါးခင်းများ ပျက်ဆီးဆုံးရူံးမှု ဖြစ်ပေါ်နေ
ဓာတ်ပုံ - စိုးချစ်ချစ်ပိုင်

စက်တင်ဘာ ၂၃ ရန်ကုန်။     ။ မိုးခေါင်မှုကြောင့် သဖန်းဆိပ် ရေလှောင်တမံ ရေလှောင်ပမာဏ လျော့နည်းလာပြီး စိုက်ပျိုးရေမရရှိသည့် စပါးစိုက်ခင်းများမှာ ပျက်ဆီးဆုံးရှုံးမှု ဖြစ်ပေါ်နေရကြောင်း ဒေသခံများကပြောသည်။

“လယ်တွေက ပက်ကြားတွေကွဲကုန်ပြီး၊ စပါးတွေက ခြောက်ကုန်တယ်။ ဒီတစ်လနှစ်လမှာ ရေဝင်ဧရိ ယာတိုးမလာလို့ စိုက်ပင်တွေကို ရေမပေးနိုင်ရင် တောင်သူတွေရဲ့ စိုက်ပျိုးစရိတ်တွေထိခိုက်မယ်။နောက်ဆက် တွဲ စီးပွားရေးကိုလည်း ထိခိုက်နိုင်ပါတယ်” ဟုဝက်လက်မြို့နယ်စင်းတဝဲ အနောက်ရွာကျေးရွာတာဝန်ခံ ဦးဇော်မင်းဦးကဆိုသည်။

သဖန်းဆိပ် ရေလှောင်တမံနှင့် အလှမ်းဝေးသည့် ဒေသများ အနေဖြင့် နှစ်စဉ် စိုက်ပျိုးရေ ရရှိရန် အခက်အခဲများဖြစ်ပေါ်လေ့ရှိသော်လည်း ယခုနှစ်တွင် မိုးခေါင်မှုကြောင့် ပျိုးထောင်ရေပေးစဉ်ကပင် လုံလောက်သည့် ရေမရှိခဲ့ကြောင်းသိရသည်။

လက်ရှိတွင်စိုက်ပျိုးရေ ရရှိရေးအခက်အခဲ ဖြစ်ပေါ် နေသည့် တောင်သူများအနေဖြင့် မြေအောက်ရေကိုတွင်း ဖောက်၍ စိုက်ပျိုးရေအတွက် ဖြေရှင်းနေကြသည်ဟု ဝက်လက်မြို့နယ်ရှိ စပါးစိုက်တောင်သူများထံမှ သိရသည်။

စိုက်ပျိုးတောင်သူ ဦးအောင်မြင့် က" ပျိုးထောင်ကတည်းက တွင်းရေနဲ့ပဲ ထောင်တာ၊ရေမလာလို့၊ ကုန်ကျစရိတ် ကတော့ လောလောဆယ်  တစ်ဧကကို တစ်သိန်းကျော်လောက်ကုန်နေပြီ၊ရေစုပ် တဲ့ ကုန်ကျစရိတ် တွေမပါသေးဘူး၊ ဒါကလဲ အသက်ရှင်လို ရှင်ငြားပေးထားတာ၊ ဒီရေကုန်လို့ မိုးမရွာ၊ ရေမလာရင်၊ ဒို့က နွားရိတ်ကျွေးဖို့ပဲ ရှိတော့တာ"ဟု လယ်ငါးဧက ပိုင်ဆိုင်သူ  ဦးအောင်မြင့် က ဆိုသည်။

လက်ရှိသဖန်းဆိပ် ရေလှောင်တံမံအတွင်း၌ လှောင်ရေပမာဏ ဧကပေ ခြောက်သိန်းကျော် သာ ကျန်ရှိ ပြီး ရေထပ်မံဝင်ရောက်လာမူမရှိခဲ့ပါက ဧကပေ ၄သိန်းထိသာအများဆုံးပေးဝေနိုင်မည်ဖြစ်ကြောင်း ဝက်လက် မြို့နယ် ဆည်မြောင်းဌာနမှ ဦးစီးအရာရှိ ဦးရန်နိုင်ကဆိုသည်။

သဖန်းဆိပ်ဆည်တစ်ခုလုံး၏ဆည်ရေေသောက် စိုက်ဧကမှာ ၅သိန်းဝန်းကျင်ခန့်ရှိပြီး ဆည်အတွင်းကို ရေထပ်မံ ဝင်ရောက်လာခြင်းမရှိပါက လယ်တစ်ဧကကို ဒသမ ၈ ဧကပေခန့်သာ ရေပေးဝေနိုင်မည်ဟု စိုက်ပျိုးရေး၊ မွေးမြူေရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။

မိုးရွာသွန်းမူရှိပြီး ဆည်အတွင်းသို့ရေထပ်မံ ဝင်ရောက်မှုရှိခဲ့ပါက မိုးစပါးအောင်ရေအတွက်ပါ လယ်တစ်ဧကကို နှစ်ဧကပေခန့်ပေးနိုင်မည် ဖြစ်သည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly