Emmy Awards ဆုပေးပွဲတွင် Fleabag နှင့် Game of Thrones တို့ အောင်ပွဲခံ

Emmy Awards ဆုပေးပွဲတွင် Fleabag နှင့် Game of Thrones တို့ အောင်ပွဲခံ

စက်တင်ဘာ ၂၃ ။           ။ စက်တင်ဘာ ၂၂ ရက်က အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ၇၁ ကြိမ်မြောက် Emmy Awards 2019 ဆုပေးပွဲမှာတော့ Fleabag နဲ့ Game of Thrones ဇာတ်လမ်းတွဲတို့က အောင်ပွဲခံသွားနိုင်ခဲ့ပါတယ်။

Emmy ဆုပေးပွဲရဲ့ drama series မှာတော့ Game of Thrones က အကောင်းဆုံး ဒရာမာ ဇာတ်လမ်းတွဲဆု ကို ရရှိခဲ့သလို Fleabag ကလည်း comedy series ကဏ္ဍမှာ အကောင်းဆုံး ဇာတ်မြူး ဇာတ်လမ်းတွဲဆုတို့ကို ရရှိခဲ့ပါတယ်။

တစ်ခြား ဆုတွေအနေနဲ့ကတော့ ဒရာမ drama ကဏ္ဍမှာ အကောင်းဆုံး မင်းသားဆုကို Billy Porter ကလည်းကောင်း၊ အကောင်းဆုံး မင်းသမီး ဆုကို Jodie Comer ကလည်းကောင်း ရရှိသွားပါတယ်။

ယင်းဒရာမာ ကဏ္ဍမှာပဲ အကောင်းဆုံး အမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆုကို  Peter Dinklage က လည်းကောင်း၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်ဆုကို Julia Garner ကလည်းကောင်း ရရှိသွားပါတယ်။

အလားတူ ဇာတ်မြူး comedy ကဏ္ဍမှာ အကောင်းဆုံး မင်းသားဆုကို Bill Hader က ရရှိပြီး အကောင်းဆုံး မင်းသမီးဆုကိုတော့ Phoebe Waller-Bridge တို့က ရရှိပါတယ်။

ဇာတ်မြူးကဏ္ဍမှာ အကောင်းဆုံး အမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆုကို Tony Shalhoub က ရပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်ဆုကို Alex Borstein က ရရှိသွားခဲ့ပါတယ်။

ယင်း ဆုပေးပွဲကတော့ ရုပ်ရှင်လောကရဲ့ ဂုဏ်သိက္ခာအကြီးဆုံး ဆုပေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly