၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်များကို ပါတီမူနှင့်အညီ ပြန်လည်ရွေးချယ်မည်

23 September 2019
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်များကို ပါတီမူနှင့်အညီ ပြန်လည်ရွေးချယ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး နှစ်ရက်တာ ဆွေးနွေးချက်များအရ အချက် ငါးချက်ကို ဆုံးဖြတ်ချက်ချခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးဆောင်ပြီး စွမ်းရည်မြင့် သင်တန်းများပေးမည်၊ တွေ့ဆုံပွဲများ ပြုလုပ်ခြင်းဖြင့် ပါတီ၊ အစိုးရ၊ လွှတ်တော် ဟန်ချက်ညီညီ ဆောင်ရွက်မည်၊ လယ်ယာမြေကိစ္စများနှင့် ပတ်သတ်ပြီး သက်ဆိုင် ရာ အစိုးရအဖွဲ့များကို တိုက်တွန်းပေးမည်၊ ရွေးကောက်ပွဲ မဟာဗျူဟာ ရေးဆွဲခြင်းပြုလုပ်ရန် သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်များမှ ရွေးကောက်ပွဲဆိုင်ရာ အခြေခံအချက်အလက်များ ပေးပို့ရမည်၊ တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့စည်းမည် စသည့် အချက်ငါးချက်ကို ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး၊တည်းဖြတ်-ကရိုင်နူးရာ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60727

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly