ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးသက်ရောက်မှု ပိုပြင်းထန်လာနေဟု ကုလ ကျွမ်းကျင်သူ ပြောဆို

ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးသက်ရောက်မှု ပိုပြင်းထန်လာနေဟု ကုလ ကျွမ်းကျင်သူ ပြောဆို

စက်တင်ဘာ ၂၃ ။           ။ လက်ရှိ ကာလမှာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်တွေက ပိုမို မြန်ဆန်စွာ ဆိုးဝါးပြင်းထန်လာနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Leena Srivastava က ပြောကြားလိုက်ပါတယ်။

“ကျွန်မတို့ဟာ ခုချိန်မှာ အရမ်းကို အရေးကြီးပြီး အန္တရာယ်လည်း များတဲ့ အမှတ်တွေ တော်တော်များများကို ဖြတ်ကျော်သွားရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်” ဆိုပြီး Leena က စက်တင်ဘာ ၂၂ ရက်က ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ၎င်းက ပြောဆိုသွားခဲ့ပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲပြီးနောက်မှာလည်း ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်လို့ ကုလ အစီရင်ခံစာသစ်တစ်ရပ်ကို ထုတ်ပြန်သွားပါတယ်။

ယင်းအစီရင်ခံစာမှာလည်း လက်ရှိ ကမ္ဘာကြီးဟာ ရာသီဥတု ဘေးဒုက္ခဆိုးတွေကနေ ရှောင်လွဲနိုင်ရေး ကြိုးပမ်းရာမှာ တော်တော်လေး နောက်ကျနေပြီလို့ ဆိုထားပါတယ်။

ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီးက ပြုစုတဲ့ ဒေတာအချက်အလက်တွေအရလည်း ၂၀၁၄ နဲ့ ၂၀၁၉ ကြား ငါးနှစ်ကာလဟာ စံချိန်တင် အပူနွေးဆုံး ကာလဖြစ်ကြောင်း သိရပါတယ်။

အလားတူကာလမှာ ပင်လယ်ရေမျက်နှာပြင်တွေဟာ သိသိသာသာ တက်လာခဲ့ပြီး CO2 ထုတ်လွှတ်မှုတွေဟာလည်း စံချိန်တင် မြင့်တက်လာဟု သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required