ကာဗွန်ဓာတ်ငွေ့လျော့ချနိုင်ရေးအတွက် စွမ်းအားမြှင့်စဉ့်မီးဖိုများ အခမဲ့ ပေးဝေမည်

ကာဗွန်ဓာတ်ငွေ့လျော့ချနိုင်ရေးအတွက် စွမ်းအားမြှင့်စဉ့်မီးဖိုများ အခမဲ့ ပေးဝေမည်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ စက်တင်ဘာလ ၂၁ ။            ။ မြန်မာနိုင်ငံအတွင်း ရှိ  ၇၀ ရာခိုင်နှုန်းသော တောင်သူလယ်သမားအတွက် ရည်ရွယ်ကာ ကာဗွန် ဓာတ်ငွေနှင့်သစ်တောပြုန်းတီးမှုများကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံစဉ့်အသင်းမှ စဉ့်မီးဖိုများ အခမဲ့ပေးသွားမည်ဟု မြန်မာနိုင်ငံစဉ့်အသင်းမှ ဥက္ကဋ္ဌဒေါက်တာမျိုးသန့်တင်က မဇ္စျိမသတင်းဌာန ကိုပြောသည်။

"မရောင်းပါဘူး။ အလကားပေးတာပါ။ ဘာကြောင့်ပေးလဲဆိုတော့ ကာဗွန်ခရက်တစ် ပေးလို့ပါ။ ကာဗွန်ခရက်တစ်က လုပ်နေတုန်းတော့ မရဘူး ။လုပ်နေတုန်းအချိန်ကို တတိယအဖွဲ့က ရင်းနှီး မြှပ်နှံတဲ့သူတွေကို ရှာရပါတယ်။ ငွေကြေးကြိုတင်ပေးထားမယ့်သူကို ရှာရပါတယ်။တစ်နှစ်၊(၂) နှစ်လောက်အကြာမှ UN အဖွဲ့ကို တင်ရပြီးဆိုတော့မှ အဲဒီငွေကို ချေရတာပါ။ ဒီကာဗွန်ခရက်တစ်နဲ့ ချိတ်မိတဲ့အတွက်သုံးစွဲတဲ့သူတွေကို အလကားပေးနိုင်ပါတယ်။ မီးဖိုတစ်လုံးရဲ့ကုန်ကျစရိတ်က ကျပ် ၈၀၀ ပဲအများဆုံးရှိတယ် "  မြန်မာနိုင်ငံစဉ့်အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်က ပြောသည်။

စဉ့်မီးဖို ခေါ် ( E-Free Improved Cook Stove )ကို မြန်မာနိုင်ငံစဉ့်အသင်းမှ ၂၀၁၄ ခုနှစ်တွင် စတင် သုတေသနစမ်းသပ်ခဲ့ပြီး အဓိကရည်ရွက်ချက်အနေဖြင့် ထင်းအသုံးပြုမှု ၊သစ်တောပြုန်းတီးမှုနည်းရန် နှင့် အချိန်ကုန်သက်သာစေရန်အတွက်ဖြစ်ကြောင်း သိရသည်။

"လျှပ်စစ်မရှိတဲ့ကျေးရွာတွေ လျှပ်စစ်ရှိလည်း ဒီဟာတွေက စျေးသက်သာတယ်။အလကားရမယ်၊ ထင်းကလည်း သက်သာတယ်။ ရည်ရွယ်တာက ရာခိုင်နှုန်း ၇၀ လောက်က ကျေးရွာမှာနေကြတာပါ။ အများအားဖြင့်လျှပ်စစ်မရှိကြဘူး။ သုံးမယ်ဆို ရိုးရာမီးဖိုပဲ သုံးကြတယ်။ ရိုးရာမီးဖိုသုံးမယ်ဆို ကာဗွန် ထွက်တာများမယ်။ဒီဟာနဲ့လုပ်လိုက်ရင်လျော့မယ်။ ရာသီဥတုပြုပြန်ပြောင်းလဲမှုကို သက်ရောက်မှု ဖြစ်ပါတယ် " ဟု ထပ်မံပြောဆိုသည်။

စဉ့်မီးဖို၏ သက်တမ်းမှာ ၂ နှစ်မှ ၃ နှစ်အတွင်းဖြစ်ပြီး အပူချိန်မှာ သာမန်မီးဖိုများထက် ပိုမိုခံနိုင်ရည် ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် စဉ့်မီးဖိုကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း စတင်ဖြန့်ဖြူး နေပြီး အလုံးရေ ၃သိန်း နီးပါးဝန်းကျင်ခန့် ဖြန့်ဖြူးပြီးသွားပြီဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့မှာက တောင်သူလယ်သမားက ၇၀ ရာခိုင်နှုန်းလောက်ရှိတော့ ဒီမိသားစုတွေပဲ လျှပ်စစ် မီးမရတဲ့နေရာတွေမှာ ကာဗွန်လျော့ချဖို့ ၊ သစ်တောပြုန်းတီးမှု လျော့ချဖို့ ၊ စွမ်းအားမြင့်မီးဖို့တွေ သုံးဖို့ အစီစဉ်လုပ်တာဖြစ်ပါတယ်။ ကာဗွန်တွေမထွက်ဘူး။ လျော့ချဖို့လုပ်နိုင်တယ်ဆိုရင် နိုင်ငံတကာ အဖွဲ့ အစည်းတွေက အခုလိုကူညီထောက်ပံ့မှုတွေ ပေးတာပါ "  ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူးဖြစ်သူ ဦးကျော်ကျော်က ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly