ဆင်းရဲမှုနှင့် အသိပညာ နည်းပါးမှုကြောင့် ကလေးလုပ်သားပေါ်များလာဟုဆို

ဆင်းရဲမှုနှင့် အသိပညာ နည်းပါးမှုကြောင့် ကလေးလုပ်သားပေါ်များလာဟုဆို

မကွေး၊ စက်တင်ဘာ ၂၁ ။          ။ ဆင်းရဲမှု၊ အသိပညာနည်းပါးမှုများကြောင့် ကလေးအလုပ်သမားများ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီးဦးမြင့်ဆွေက ပြောသည်။

စက်တင်ဘာ(၂၁)ရက်နံနက်(၁၀)နာရီက မကွေးမြို့ စုပေါင်းရုံးခန်းမတွင်ကျင်းပသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ပြည်သူ့စကားဝိုင်းအခမ်းအနားတွင် အဖွင့်အမှာစကားပြောရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကလေးအလုပ်သမားများပေါ်ပေါက်လာရခြင်းမှာ စားနပ်ရိက္ခာမလုံလောက်ခြင်း၊ သဘာဝဘေးကြုံတွေ့ခံစားရ ခြင်း၊ ပြည်တွင်းပဋိပက္ခများဖြစ်ခြင်း၊ အခြေခံပညာနှင့်အသက်မွေးပညာများကို ဆုံးခန်းတိုင်အောင် သင်ကြားမှုမရှိခြင်း စသည့်အချက်များကြောင့် ကလေးအလုပ်သမားများပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု အလုပ်သမားရေးရာဝန်ကြီးဦးမြင့်ဆွေက ပြောသည်။

မြန်မာနိုင်ငံ၏ ၂၀၁၅သန်းခေါင်စာရင်း လုပ်သားအင်အားတွင် (၁၈)နှစ်အောက် ကလေးအလုပ်သမားဦးရေ ၁ ဒသမ ၁ သန်း လုပ်ငန်းခွင်ထဲ ရောက်နေပြီး ယင်းအထဲမှ ကလေးအလုပ်သမား ခြောက်သိန်းကျော်မှာ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်ထဲတွင် ဝင်ရောက်လုပ်ကိုင်နေရသည်ဟု ဖော်ပြထားသည်။

၁၈နှစ်အောက်ကလေးအလုပ်သမားများ အန္တရာယ်ရှိသည့်လုပ်ငန်းခွင်ကို ရောက်နေခြင်းဆိုသည်မှာ ကလေးများ၏ စိတ်ပ်ိုင်းဆိုင်ရာ ရုပ်ပိုင်းဆို်င်ရာ စာရိတ္တပိုင်းဆိုင်ရာပျက််စီမှုများ တွေ့ကြုံခံစားနေရသူများကို ဆိုလိုသည်ဟု ဦးမြင့်ဆွေက ပြောသည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေက အဖွင့် အမှာစကားပြောခဲ့ပြီး မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးညွန်နိုင်က ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီးနှင့် တိုင်း ခရိုင်မြို့နယ် မှ ဌာနဆို်င်ရာများ အရပ်ဘက်အဖွဲ့အစည်းများ ပြည်သူများ တက်ရောက်ခဲ့သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly