အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားရသော ဦးဟန်ထူးအပါအဝင် ငါးဦးအမှု တစ်နှစ်ကြာသည်အထိ အမိန့်ချနိုင်ခြင်း မရှိသေး

အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားရသော ဦးဟန်ထူးအပါအဝင် ငါးဦးအမှု တစ်နှစ်ကြာသည်အထိ အမိန့်ချနိုင်ခြင်း မရှိသေး

ရန်ကုန်၊ စက်တင်ဘာ ၂၀ ။           ။ အဂတိလိုက်စားမှုနှင့် တရားစွဲဆိုခံထားရတဲ့ ရန်ကုန်တိုင်းတရားလွှတ်တော် ဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါ အဝင် ၅ဦးအမှုသည် စစ်ဆေးချိန် အချိန်တစ်နှစ်ခန့်် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အပြီးသတ်အမိန့်ချနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
 
ရန်ကုန်တိုင်း တရားလွှတ်တော်ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၅ဦးကို စက်တင်ဘာလ ၂ဝရက်နေ့က ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်တွင် ရုံးထုတ်ခဲ့သည်။
 
အဆိုပါအမှုတွင် တစ်နှစ်တာကာလအတွင်း အမှုတရားလိုဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင်မှ စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်ကိုသာ စစ်ဆေးနိုင်ခဲ့ပြီး အမှုအခြေမှာ တစ်နှစ်ကြာသည်အထိ ပြီးပြတ်မှု မရှိသေးဘဲ နှစ်ပတ်တစ်ကြိမ် ပုံမှန်ရုံးထုတ်နေခြင်းဖြစ်သည်။
 

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်နှင့် ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်၊ သုဝဏ္ဏမြို့နယ် ရဲစခန်းမှူးဟောင်း ဦးချစ်ကိုကိုတို့သည် ဟာသသရုပ် ဆောင် အောင်ရဲထွေး အသတ်ခံရမှုကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံရသူ သန်းထွဋ်အောင်(ခေါ်)သားကြီးအပါအဝင် သုံးဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ် ခဲ့ကာ၂၀၁၈ခုနှစ် စက်တင်ဘာ ၂၅ ရက်မှာ ပထမအကြိမ် ရုံးထုတ် တရားစွဲတင်ခဲ့သည်။
 
စက်တင်ဘာလ ၂ဝရက်နေ့ ရုံးချိန်းတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ ရန်ကုန်တိုင်း ဒေသကြီးဥပဒေ အရာရှိဟောင်း ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိဟောင်း ဦးကိုကိုလေး၊ ဒုတိယခရိုင် ဥပဒေအရာရှိဟောင်း ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင် တရားသူကြီးဟောင်း ဦးအောင်ကြည်တို့ကို ရုံးထုတ်ခဲ့ပြီး လာမယ့်ရုံးချိန်းကို အောက်တိုဘာလ ၄ရက်နေ့သို့ ချိန်းဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly