၂၀၀၁ နောက်ပိုင်း ဖိလစ်ပိုင်မှာ ပိုလီယို ဗိုင်းရပ်စ် ကူးစက်မှုကို ပြန်လည် တွေ့ရှိ

By AFP
20 September 2019
၂၀၀၁ နောက်ပိုင်း ဖိလစ်ပိုင်မှာ ပိုလီယို ဗိုင်းရပ်စ် ကူးစက်မှုကို ပြန်လည် တွေ့ရှိ
Over the past three decades the world has made great strides in the battle against polio, with only 33 cases reported worldwide in 2018 (AFP Photo/NOORULLAH SHIRZADA)

စက်တင်ဘာ ၂၀ ။         ။ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် ပိုလီယိုအကြောသေရောဂါ ဖြစ်ပွားမှုကို ပြန်လည် ကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ ကလေးငယ် သန်းနဲ့ချီတို့ကို ကာကွယ်ဆေး ထိုးဖို့ တာဝန်ရှိသူတွေ စီစဉ်နေလျက်ရှိပါတယ်။

ယင်းနိုင်ငံမှာ ပိုလီယို ရောဂါဖြစ်ပွားမှုကို ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စုနီးပါးလောက်က အမြစ်ပြတ် ပျောက်ကွယ်အောင် လုပ်ထားနိုင်ခဲ့ပြီလို့ ထင်မှတ်ခဲ့ရပေမယ့် ယခုအခါ နိုင်ငံတောင်ပိုင်း ဒေသတစ်ခုမှာ နေထိုင်တဲ့ သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးဆီမှာ ယင်း ဗိုင်းရပ်စ်ပိုးကို ပြန်လည် တွေ့ရှိလိုက်ရတာဖြစ်ပါတယ်။

ဒါ့အပြင် မနီလာမြို့ မိလ္လာ အညစ်အကြေးတွေနဲ့ ဒါဗာအိုမြို့က ရေလမ်းကြောင်းတွေကနေလည်း ယင်းဗိုင်းရပ်စ်ကို တွေ့ရှိထားခဲ့တယ်လို့ သိရပါတယ်။

“ ဒါကတော့ ၂၀၀၁ ခုနှစ်နောက်ပိုင်း ဒီ ပိုလီယို ဖြစ်ပွားမှုကို ပထမဆုံး ပြန်လည် ကြုံတွေ့ရတာဖြစ်ပါတယ်”လို့ ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကို ဒူကွီးက အေအက်ဖ်ပီကို ပြောသွားပါတယ်။

အခြားသော သံသယရှိ ဖြစ်စဉ်တွေကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း ဖိလစ်ပိုင် ကျန်းမာရေး ဌာနက ထုတ်ပြန်ပေးမယ့် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်သွားခြင်း မရှိပါဘူး။

ဖိလစ်ပိုင်မှာတော့ ယခု ပိုလီယို အပြင် သွေးလွန်တုပ်ကွေးနဲ့ ဝက်သက် ဖြစ်ပွားမှုတွေကိုလည်း ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေရလျက် ရှိပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required