နိုင်ငံသားအားလုံးလက်ခံနိုင်သည့် ဥပဒေဖြစ်မှ တရားဥပဒေစိုးမိုးရေးရရှိမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ပြော

20 September 2019
နိုင်ငံသားအားလုံးလက်ခံနိုင်သည့် ဥပဒေဖြစ်မှ တရားဥပဒေစိုးမိုးရေးရရှိမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ပြော

နိုင်ငံသားအားလုံးလက်ခံနိုင်သည့် ဥပဒေဖြစ်မှသာ တရားဥပဒေစိုးမိုးရေး ရရှိမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၉ ရက်က ပြည်သူ့လွွှတ်တော်အစည်းအဝေး အပိတ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပါတီတွေအချင်းချင်းကြား တိုင်းရင်းသားများနဲ့ အဖွဲ့အစည်းတွေအကြား အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအကျိုးကိုမျှော်ကိုးပြီး အတူလက်တွဲ ဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။

ဒုတိအကြိမ် ပြည်သူ့လွှတ်တေ်ာ (၁၃)ကြိမ်မြောက် အစည်းအဝေးကို ၂၃ ရက်ကြာကျင်းပခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၆ဝကျော်၊ ကြယ်ပွင့်မပြမေးခွန်း ၅၅ဝကျော်နဲ့ အဆိုတချို့ကို အတည်ပြုသလို တချို့ကိုလည်း မှတ်တမ်းတင်ထားခဲ့ပါတယ်။

ရိုက်ကူး၊ တည်းဖြတ်၊ အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly