Google apps တွေ မပါတော့တဲ့ ပထမဆုံးသော စမတ်ဖုန်းတွေကို Huawei မိတ်ဆက်

Google apps တွေ မပါတော့တဲ့ ပထမဆုံးသော စမတ်ဖုန်းတွေကို Huawei မိတ်ဆက်
Photos: EPA

စက်တင်ဘာ ၂၀

တရုတ် နည်းပညာ ကုမ္ပဏီကြီး Huawei ကတော့ ယင်းရဲ့ နောက်ဆုံးထုတ် ထုတ်ကုန်တစ်ခုဖြစ်တဲ့ တန်ဖိုးကြီး Mate 30 စမတ်ဖုန်းကို  စက်တင်ဘာ ၁၉ ရက် ဂျာမနီနိုင်ငံ မြူးနစ်မြို့ အခမ်းအနားမှာ ထုတ်ဖော်မိတ်ဆက်သွားခဲ့ပါတယ်။

ဒါကတော့ အမေရိကန် အရေးယူပိတ်ဆို့မှုကြောင့် နာမည်ကျော် Google apps တွေကို ထည့်သွင်းနိုင်တော့ခြင်း မရှိတဲ့ ပထမဆုံးသော Huawei ဖုန်းတွေလည်း ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့့်လည်း Google apps တွေအစား ကိုယ်ပိုင် apps တွေ အစားထိုးပေးထားတဲ့ ယခု Mate 30 ဖုန်းတွေကတော့ Apple ရဲ့ iPhone 11 ကို စိန်ခေါ်နိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ယခု Mate 30 နဲ့ Mate 30 Pro ဖုန်းတွေကတော့ ပိုမို ကျစ်လျစ်သပ်ရပ်မှု ရှိသလို ကင်မရာတွေကလည်း အရည်အသွေး ပိုမြင့်မားကြောင်း၊ မျက်နှာပြင်ကလည်း iPhone 11 ထက် ပိုတောက်ပကြောင်း တရုတ်ကုမ္ပဏီက ပြောသွားခဲ့ပါတယ်။

ယခု ဖုန်းသစ်တွေကိုတော့ ဥရောပစျေးကွက်မှာ ဘယ်တော့ စရောင်းမလဲ ဆိုတာကိုတော့ ကုမ္ပဏီက ထုတ်မပြောသွားခဲ့ပါဘူး။

စျေးနှုန်းတွေကတော့ Mate 30 ဆိုရင် ၇၉၉ ယူရို ၊ Mate 30 Pro ဆိုရင် ၁,၀၉၉ ယူရို နဲ့ Mate 30 Pro 5G က ယူရို ၁,၁၉၉ နဲ့ စတင်မှာဖြစ်ကြောင်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly