ပီအက်စ်ဂျီအသင်းဟာ ‘အလွန်မြင့်မားတဲ့ အဆင့်တစ်ခုမှာ’ ကစားခဲ့တယ်။ - တူချယ်

ပီအက်စ်ဂျီအသင်းဟာ ‘အလွန်မြင့်မားတဲ့ အဆင့်တစ်ခုမှာ’ ကစားခဲ့တယ်။ - တူချယ်
Photo: EPA

ဒီကနေ့မှာ အလွန်မြင့်မားတဲ့ အဆင့်တစ်ခုမှာ ကစားဖို့ တကယ့်ကို လိုအပ်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီမာရီယာခြေစွမ်းပြမှုနဲ့အတူ ရီးယဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ရယူပြီး သူတို့ဟာ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရရှိဖို့အတွက် စတင်တွန်းဖွင့်လိုက်ပါတယ်။

ပြင်သင်အင်အားကြီးအသင်း ပီအက်စ်ဂျီဟာ ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ပေမယ့် ပြီးခဲ့တဲ့ (၃)နှစ်မှာ ရှုံးထွက် (၁၆)သင်းအဆင့်ကနေ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခြင်းမရှိကြောင့် ဥရောပမှာ မှတ်ချက်တင်ခံရဖို့ မအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲပယ်ပြစ်ဒဏ်ကျခံရသူ နေမာ၊ ဒဏ်ရာရ အမ်ဘာပေနဲ့ ကာဗာနီတို့ မပါဝင်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ ဒီမာရီယာရဲ့ ပထမပိုင်းသွင်းဂိုး (၂)ဂိုးနဲ့အတူ ပါရီမြေမှာ ရီးယဲလ်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

"ဒီကနေ့မှာ အလွန်မြင့်မားတဲ့ အဆင့်တစ်ခုမှာ ကစားဖို့ တကယ့်ကို လိုအပ်ခဲ့ပါတယ်။ ဆိုတော့ အသင်းက ဒါကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့အတူ လုပ်ဆောင်ခဲ့တယ်။ အလွန်ပြီးပြည့်စုံတဲ့ စွမ်းဆောင်မှုပါ။"လို့ တူချယ်က ပြောပါတယ်။

"လူတွေ ထင်ထားတာက နေမာ၊ ဘာပေ၊ ကာဗာနီ ၃ ယောက်လုံး မပါတဲ့အတွက် တခြားကစားသမားတွေအားလုံးအတွက် ဖိအားရှိနေမယ်ပေါ့။ ကျနော်တို့ ဘယ်လိုအနိုင်ရနိုင်မလဲပေါ့။ ဒါက ကျနော်တို့ကို ကူညီနိုင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ၃ ယောက်မပါတဲ့အတွက် ကျနော်တို့ အနိုင်ရဖို့ ရေပန်းမစားဘူးလေ။ ဒါကပဲ ဖိအားအရမ်းနည်းခဲ့ပြီး ကစားသမားတွေအားလုံးဟာ လွတ်လပ်စွာ ကစားနိုင်ခဲ့ပါတယ်။"

"ဒီကနေ့ ကစားသမားတွေအားလုံး အရမ်းကောင်းပါတယ်။ အထူးသဖြင့်ပေါ့ ဒီမာရီယာဟာ ထိပ်တန်းအဆင့် ကစားပုံမျိုးကို ပြသသွားခဲ့တယ်။ ခံစစ်ပိုင်းကလည်း ကျေနပ်စရာကောင်းခဲ့ပါတယ်။ ပီအက်စ်ဂျီလို အသင်းဟာ ဒီနေ့လို စွမ်းဆောင်ရည်မျိုး အမြဲရှိနေရမှာပါ။"လို့ ပြောဆိုသွားခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly