မက္ကဆီကိုမှာ ရေတွင်းထဲ ပလတ်စတစ်အိတ်တွေနဲ့ ထုတ်ပိုးထားတဲ့ ရုပ်အလောင်းပေါင်း ၃၀ နီးပါးကို တွေ့ရှိ

19 September 2019
မက္ကဆီကိုမှာ ရေတွင်းထဲ ပလတ်စတစ်အိတ်တွေနဲ့ ထုတ်ပိုးထားတဲ့ ရုပ်အလောင်းပေါင်း ၃၀ နီးပါးကို တွေ့ရှိ

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဂွါဒါလာဂျာရာမြို့ အပြင်ဖက်က ရေတွင်းအောက်ခြေမှာ ပလတ်စတစ်အိတ်ပေါင်း ၁၁၉ အိတ်နဲ့ ထုတ်ပိုးထားတဲ့ ရုပ်အလောင်းပေါင်း ၂၉ လောင်းကို သေမှုသေခင်းအရာရှိတွေ ဖော်ထုတ်တွေ့ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မက္ကဆီကိုရဲ့ ဒုတိယမြို့တော် ဂွါဒါလာဂျာရာမြို့ကနေ ၄၅ မိနစ် ကားမောင်းသွားရတဲ့ လာပရီမာဗီလာအစွန်ဖျားအရပ်မှာ လူသေရုပ်အလောင်း အပိုင်းအစတွေကို ပလတ်စတစ်အိတ်တွေနဲ့ ထုတ်ပိုးပြီး ရေတွင်းထဲ မြုပ်နှံထားတာကို အခုလ အစောပိုင်းက ဖော်ထုတ်တွေ့ရှိတာပါ။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60611

တင်ဆက် - ယမုံမှူး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly