ပညာရေးစနစ်သစ် ပိုမိုကောင်းမွန်ရေး ဆရာ၊ဆရာမများကို သင်တန်းထပ်ပေးရန် လိုအပ်

ပညာရေးစနစ်သစ် ပိုမိုကောင်းမွန်ရေး ဆရာ၊ဆရာမများကို သင်တန်းထပ်ပေးရန် လိုအပ်
ဓာတျပုံ-သူရ/မဇ္ဈိမ

နေပြည်တော်၊ စက်တင်ဘာ ၁၈ ။             ။ ၂၀၁၆ခုနှစ်မှ စတင်ပြောင်းလဲခဲ့သည့် KG+12 ပညာရေးစနစ်သစ် ပိုမိုကောင်းမွန်ရေးအတွက် ဆရာ၊ ဆရာမ များကို သင်တန်းထပ်မံတိုးမြှင့်ပေးရန် လိုသေးကြောင်း  ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်အောင်ကပြောသည်။

စက်တင်ဘာ ၁၇ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများဆိုင်ရာ စုံစမ်းလေ့လာမှု အစီရင်ခံစာ ကိုတင်ပြရာ၌ ပြောခဲ့ခြင်းဖြစ်သည်။

“စနစ်သင်ပညာရေးမှာ သင်ရိုးကော သင်နည်း စနစ်ကော ပြောင်းလဲသော်လည်းပဲ ပို့ချတဲ့ အချိန်နည်းတဲ့ အတွက်ကြောင့် သင်တန်းတက်ရတဲ့ အချိန်က အင်မတန်မှ နည်းနေသေးတယ်။ ဒါကြောင့်ကျွမ်းကျင်မှု လိုအပ် သေးတဲ့အတွက် စဉ်ဆက်မပြတ် လုပ်ငန်းခွင် ဆရာအတတ်ပညာဖွ့ံဖြိုးတိုးတက်ရေးဆိုတဲ့ Continuous Professional Development ကိုလည်း လုပ်ဖို့လိုအပ်တယ်ဆိုတဲ့ဟာလေးလည်း တွေ့ရပါတယ်”ဟု ဒေါက်တာ တင်အောင်က ပြောသည်။

ထို့အပြင် သင်ထောက်ကူပစ္စည်းများ မလုံလောက်မှု၊ ကျောင်းနှင့်စာသင်ခန်းစီမံခန့်ခွဲမှု ၊ ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှု အားနည်းခြင်း၊ ကျောင်းသား၊ဆရာအချိုးမညီမျှမှုများ ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။

ယခုနှစ်နွေရာသီကာလတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ကလေးငယ်များအတွက် သင်ကြား ပေးရမည့် ဆရာ ၊ဆရာမများကို စနစ်သစ်များအတွက် သင်တန်း ၁၄ရက်အဖြစ် သင်ခန်းစာများကို သင်ပေး ထားကြကြောင်း ပညာရေးမြှင့်တင်မှုကော်မတီမှ သိရသည်။

“ဒီဟာ အတွက်ဆိုပြီး သီးသန့် ကြီးသင်တန်းပေးမယ်ဆိုရင်ကော အဲ့ဒီတိုးလာတဲ့ သင်တန်းတွေအပေါ်မှာ သင်တန်းနည်းပြကို ဘယ်လိုရွေးချယ်မှာလဲ ။ ရွေးချယ်လိုက်တဲ့ သင်တန်းနည်းပြကလည်း ဒီဆရာ ၊ဆရာမတွေ ကိုပြန်ပြီး အများကြီး ဒီဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ လွှမ်းမိုးပြီးတော့ ပြောဆို ဆွေးနွေးနိုင်တဲ့ သူမျိုးမှ ဖြစ် မယ်။ အခုလိုမျိုးပဲ ရှိတဲ့ဆရာမတွေထဲက တစ်ယောက်ချင်းဆီ ပြန်ခေါ်ပြီး သင်တန်းပေးလိုက် ထပ်ဆင့်ပြီး ဆင့်ပွားသင်တန်းပို့ချလိုက်ဆိုရင်တော့ ဘာမှထူးပြီး အကျိုးရှိလာမယ်လို့တော့ မထင်ဘူး။ အချိန်ကုန်မယ်။ သင်တန်းစရိတ်တွေ ပိုပြီးတော့ ကုန်မယ်။ ဒါပဲရှိမယ်”ဟု ပျဉ်းမနားမြို့ နယ်၊ ရွှေပြည်သာယာ မူလတန်း လွန် ကျောင်းတွင် အလယ်တန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော ဆရာမ ဒေါ်ရတနာညွန့်မောင်ကပြောသည်။

KG+12 ပညာရေးစနစ်သစ်တွင် ကျောင်းသားများအတွက် ကျောင်းတွင်းပညာရေးအပါအဝင် ၊ ကျောင်းတွင်း ပေါင်းသင်းဆက်ဆံရေး ကဲ့သို့သော  အခြေအနေမျိုးကို မိဘများအနေဖြင့် ဂရုစိုက်သင့်ကြောင်း ဒေါက်တာ တင်အောင်က အကြံပြုသည်။

“ပြောင်းလဲသွားတဲ့ပညာရေးက စာမေးပွဲတစ်ခုတည်း အမှတ်ပေါ်မှာ မူမတည်တော့ဘူး။ ဒါကြောင့်မိဘတွေက အမြဲတမ်းစနစ်သစ်ပညာရေးမှာ ဒီကျောင်းနဲ့ ထိတွေ့ဆက်ဆံပြီးတော့ ကျောင်းရဲ့ လူမှုရေးကိစ္စတွေ ဘာသာ ရေးကိစ္စတွေ ကလေးတွေရဲ့ ပေါင်းသင်းဆက်ဆံရေး တချို့သော ကိစ္စတွေမှာ ကြီးကြီးမားမား နိုင်ငံတော်က စိုက်ထုတ်သုံးစွဲပေးသလို မိဘတွေကိုယ်တိုင်ကလည်း ဒီကျောင်းတွေကို ပံ့ပိုးပေးဖို့လိုတယ်”ဟု ၄င်းက ပြောသည်။
ပညာရေးမြှင့်တင်မှု ကော်မတီအနေဖြင့် အခြေခံပညာရေးစနစ်သစ်တွင်လေ့လာတွေ့ရှိခဲ့သည့် အားနည်းချက်၊ အားသာချက်များကို လေ့လာဆန်းစစ်ကာ ပညာရေးဝန်ကြီးဌာနသို့ အကြံပြုချက်များပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly