‘ကျနော် ဒါကို နှစ်သက်မိပြီး ထိုက်တန်တယ်လို့လည်း ခံစားမိတယ်’ - မက်ဆီထက် ဘလွန်းဒီအောဆု ပိုရဖို့ ပစ်မှတ်ထားနေတဲ့ ရော်နယ်လ်ဒို

‘ကျနော် ဒါကို နှစ်သက်မိပြီး ထိုက်တန်တယ်လို့လည်း ခံစားမိတယ်’ - မက်ဆီထက် ဘလွန်းဒီအောဆု ပိုရဖို့ ပစ်မှတ်ထားနေတဲ့ ရော်နယ်လ်ဒို
Photos: EPA

ကျနော့်အတွက်ကတော့ ကျနော်က ဘောလုံးလောကရဲ့ နံပါတ်တစ်ပါပဲ။ 

ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူအနေနဲ့ အဓိကပြိုင်ဘက် မက်ဆီထက် ဘလွန်းဒီအောဆု ပိုရယူလိုပြီး ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက် (၃၄)နှစ်အရွယ် ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်လ်ဒိုနဲ့ အသက် (၃၂)အရွယ် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ဟာ ဘလွန်းဒီအောဆုကို (၅)ကြိမ်စီ ဆွတ်ခူးထားကြသူတွေဖြစ်ပြီး ဆုအများဆုံးရ ကစားသမားတွေအဖြစ် ပူးတွဲရပ်တည်နေကြတာပါ။

"ဘောလုံးသမိုင်းကြေင်းထဲမှာ မက်ဆီက ရှိနေခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျနော်ကတော့ ဘလွန်းဒီအောဆုကို ၆ ကြိမ် ဒါမှမဟုတ် ၇ ကြိမ် ဒါမှမဟုတ် ၈ ကြိမ်နဲ့အထက် ရယူချင်ပြီး သူ့အထက်မှာ ရပ်တည်ချင်တယ်လို့ ထင်ပါတယ်။"လို့ ရော်နယ်လ်ဒိုက ITV ရဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပီရစ်စ် မော်ဂန် တွေ့ဆုံခန်း အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

"ကျနော် ဒါကို နှစ်သက်မိပြီး ကျနော်နဲ့ ထိုက်တန်တယ်လို့လည်း ခံစားမိပါတယ်။"

ရီးယဲလ်မက်ဒရစ်မှာ (၉)နှစ်အတွင်း ချန်ပီယံလိဂ်ဖလား (၄)ကြိမ်အပါအဝင် ဆုဖလား (၁၅)လုံး ရယူခဲ့သူ ရော်နယ်လ်ဒိုက ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် အောက်မေ့ခံရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

"ကျနော်ဟာ ဘောလုံးသမိုင်းကြောင်းထဲမှာ ရှိနေတယ်ဆိုတာ ကျနော် သေချာပါတယ်။ ဒါပေမယ့် သမိုင်းကြောင်းမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။"လို့ ပေါ်တူဂီအသင်းခေါင်းဆောင်က ဆက်ပြောပါတယ်။

"ကျနော့်အတွက်ကတော့ ကျနော်က ဘောလုံးလောကရဲ့ နံပါတ်တစ်ပါပဲ။ ဒါပေမယ့် တချို့ပရိသတ်တွေအတွေတော့ တခြားကစားသမားတစ်ဦးက နံပါတ်တစ်ဖြစ်မယ်ဆိုရင် ကျနော်က နံပါတ်နှစ်ပေါ့။ ဒါက ဘာမှ မဖြစ်ပါဘူး။

"ကျနော်က ဘောလုံးသမိုင်းကြောင်းမှာ အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတာ ကျနော်် သိပါတယ်။"လို့ ပြောဆိုသွားခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required