ဝန်ထမ်းအပြည့်မခန့်နိုင်ခြင်းကြောင့် မဲစာရင်းပြုစုရေး အခက်အခဲရှိနေ

18 September 2019
ဝန်ထမ်းအပြည့်မခန့်နိုင်ခြင်းကြောင့် မဲစာရင်းပြုစုရေး အခက်အခဲရှိနေ

မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ဝန်ထမ်းအပြည့်မခန့်ထားနိုင်ခြင်းကြောင့် မဲစာရင်း ပြုစုရေးအတွက် အခက်အခဲများရှိနေကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်ကပြောသည်။

“လ.၀.က စိစစ်တယ်၊မြို့နယ်ကော်မရှင်ကိုလွဲပေးတယ်။ မြို့နယ်ကော်မရှင်က စာရင်းသွင်း ရတာပေါ့။ အများစုက သြဂုတ်လပထမအပတ်မှရတယ်။ ကျွန်တော်တို ့ကလည်း ကွန်ပျုတာတွေ ရှာထားရတယ်။ ကွန်ပျုတာစာရင်းသွင်းမယ်သူတွေကို ရှာထားရတယ်။ ကျွန်တော်တို့ကော်မရှင်မှာက လူမရှိဘူးလေ။ မြို့နယ်ကော်မရှင်မှာ ဖွဲ ့စည်းပုံအရ ငါးယောက်ရှိတယ်။အပြည့်ရှိတယ်။ရုံး ဘယ်ရုံးမှာ မရှိဘူး။ အပြည့် လည်း ခန် ့ခွင့်မရှိ်ဘူး။ လူနည်းနည်းလေရုံးဆို အပြည့်ခန် ့ခွင့်မရှိတဲ့အခါ အခက်အခဲတွေ အများကြီး ကြုံတာပေါ့”ဟု ဦးအောင်မြင့်ကပြောသည်။

ထိုသို့ ဝန်ထမ်အင်အား မပြည့်ဝခြင်းကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ကာ မဲစာရင်းပြုစုရေး လုပ်ငန်းများကို ဆောင်ရွက်နေရကြောင်း သိရသည်။

ရိုက်ကူး- စည်သူမောင်မောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly