လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေမှုများကို ကော်မတီဖွဲ့၍ စိစစ်မည်ဟုဆို

18 September 2019
လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေမှုများကို ကော်မတီဖွဲ့၍ စိစစ်မည်ဟုဆို

လျှပ်စစ်ဓါတ်အား ခိုးယူသုံးစွဲမှုများအတွက် ကော်မတီများဖွဲ့စည်း၍ စိစစ်လုပ်ဆောင်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့့၊ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးပြောသည်။

“ကျွန်တော် တစ်တိုင်းလုံးအတိုင်းအတာနဲ ့လုပ်မှာပါ။ ကော်မတီလည်းဖွဲ ့ပြီးလုပ်ဖို ့ အနေ အထား ရှိတယ်။ လောလောဆယ်ဆယ်တော့ ရှောင်တခင်စစ်တဲ့ဟာ မြောင်းမြဘက်မှာ တစ်နေရာ မိထား တယ်။ ကျပ်သိန်း၅ဝကျော်လောက် ဒဏ်ရိုက်လိုက်တယ်။ စနစ်တကျလုပ်မှာပါ။ လုပ်ဖို ့အတွက်လည်း ပြင်ဆင်ထားပြီးပါပြီ။ အစိုးရအဖွဲ ့လည်း ခွင့်ပြုချက်ယူထားပြီး ကော်မတီဖွဲ ့ပြီးသေချာစိစစ်မယ်”ဟု ဦးဝင်းဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားကို ယူနစ်ပေါင်း သိန်းငါးရာကျော်ခန့် သုံးစွဲနေကြောင်း သိရပြီး ဓာတ်အားခ ကောက်ခံရရှိမှုအခြေအနေများမှာလည်း ယခင် ဧပြီ၊ မေနှင့် ဇွန်သုံးလတာ ကာလထက် ၂ဒသမ ၆၉ ဘီလီယံခန့် တိုးလာကြောင်း သိရသည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly