ယူရိုငွေဖြင့် ပေးချေရမည့် မြန်မာ့ကျောက်မျက်ရတာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် စက်တင်ဘာလ ၁၆ရက်နေ့က စတင်ရောင်းချခဲ့သည်။ ၂၀၁၉ခုနှစ်၏ အဆိုပါ နှစ်လယ်ကျောက်မျက်ပြပွဲတွင် အခြေခံဈေးနှုန်း ယူရိုငါးသန်းတန် ကျောက်စိမ်းတွဲနှင့် အခြေခံဈေးနှုန်း ယူရိုသုံးသိန်းခွဲတန် ကျောက်မျက်တွဲများက ဈေးအမြင့်ဆုံးဖြစ်သည်။
ရိုက်ကူး၊တင်ဆက်- အောင်မြတ်သူ