သတ္တမအကြိမ်မြောက် EMC တိုင်းရင်းမီဒီယာ ညီလာခံကျင်းပ

17 September 2019
သတ္တမအကြိမ်မြောက် EMC တိုင်းရင်းမီဒီယာ ညီလာခံကျင်းပ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မနောကွင်း တွင် သတ္တမအကြိမ်မြောက် EMC တိုင်းရင်းမီဒီယာညီလာခံကို စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ ကျင်းပလျက်ရှိသည်။ 

အဆိုပါညီလာခံကို စက်တင်ဘာလ ၁၆ မှ ၁၈ရက်နေ့အထိ သုံးရက်ကျင်းပမည်ဖြစ်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းသား မီဒီယာကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ တိုင်းရင်းမီဒီယာ ညီလာခံကို မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် ကျင်းပခဲ့ဖူးပြီး ယခုအခါ သတ္တမအကြိမ် ကျင်းပခြင်း ဖြစ်သည်။ 

ရိုက်ကူး/တည်းဖြတ်  - စိုးသူအောင်/ဇေယျာမော်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly