လှောင်ပြောင်ခံရမှုဖြစ်ရပ်တွေက ကစားသမားဘဝ အစဉ်ထိတွေ့နေကျကိစ္စရပ်တွေပါ - နေမာ

17 September 2019
လှောင်ပြောင်ခံရမှုဖြစ်ရပ်တွေက ကစားသမားဘဝ အစဉ်ထိတွေ့နေကျကိစ္စရပ်တွေပါ - နေမာ

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက သူ့အနေနဲ့ ပြီးခဲ့တဲ့ နွေစျေးကွက်ကာလမှာ အသင်းကနေ စွန့်ခွာဖို့အတွက် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့တဲ့အတွက် ပရိသတ်တွေဆီက လှောင်ပြောင်မှုတွေကို ကြံတွေ့ခဲ့ရပေမယ့်လည်း ဒါဟာ သူ့အတွက် ပုံမှန်တွေ့ကြုံနေကျဖြစ်ရပ်မျိုးသာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ နွေရာသီကာလအတွင်းမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့ရာမှာ မအောင်မြင်ပဲဖြစ်ခဲ့ပြီး စနေနေ့က ပီအက်စ်ဂျီရဲ့ အိမ်ကွင်းမှာ စထရာဘိုးအသင်းနဲ့ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ကစားတာဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60551
တင်ဆက် - ယမုံမှူး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags