NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ မျက်မှောက်နိုင်ငံရေး စီးပွားရေး သုံးသပ်ချက်

By မျိုးသန့်(မဇ္စျိမ)
16 September 2019
NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ မျက်မှောက်နိုင်ငံရေး စီးပွားရေး သုံးသပ်ချက်

မင်္ဂလာပါ မဇ္စျိမ ပရိတ်သတ်များခင်ဗျာ ။  အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ မဇ္စျိမ Exclusive Interview အစီအစဉ်ကနေ ကြိုဆို်ပါတယ်ခင်ဗျာ။ ဒီကနေ့မှာတော့ ဆရာဒေါက်တာ ဦးစိန်ဝင်း နဲ့ ကျွန်တော်တို့ မေးမြန်းသွားမှာ ဖြစ်ပါတယ် ။ ဒေါက်တာစိန်ဝင်းဟာ အရင်တုန်းကခေါ်တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ ပြည်ထောင်စုမြန်မာနိုင်ငံ( NCGUB )၊အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်   ဖြစ်ပါတယ်။     တိတိကျကျ ပြောရရင် နှစ်ပေါင်း ၃၀ ကျော်အကြာမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ် ။ ဆွေနွေးမေးမြန်းခန်း ဒုတိယပိုင်းမှာတော့ လက်ရှိ ရခိုင်ပြည်နယ်ကိစ္စ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ စွမ်းဆောင်ရည်၊ အစိုးရ နှစ်ရပ် ဖြစ်နေမှုနှင့် တပ်မတော်ရဲ့ အခန်းကဏ္ဍ စသဖြင့် စသဖြင့် ဆွေးနွေးမှာ ဖြစ်ပါတယ်။

မေး။              ။ မင်္ဂလာပါဆရာခင်ဗျာ။   အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပေါ့။ ရှင်းရှင်း ပြောရရင်တော့ ဆရာ့ ညီမ ဦးဆောင်တဲ့ ပါတီကနေပြီးတော့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ မမျှော်လင့်တဲ့ ဖြစ်ရပ်တွေပေါ့ ၊ ဥပမာဆို အရင်တုန်းကတော့ သူကပြောခဲ့တာပေါ့နော် ဖွဲ့စည်းပုံ ပြင်မယ်၊ပြီးရင် ငြိမ်းချမ်းရေး ရအောင်လုပ်မယ် ၊ ဒါပေမယ့် မမျှော်လင့်တဲ့ ဖြစ်ရပ်က ရခိုင်ပေါ့၊ ရခိုင်က စစ်က ဖြစ်လာတဲ့အခါကျတော့ ဆရာ့အနေနဲ့ ကိုယ့်ညီမကို အကြံပေးလို့ရရင် ဘယ်လိုမျိုး ဆရာ အကြံပေးချင်လဲ။

ဖြေ။              ။ အဲ့ဒီဟာက ခက်တယ်ဗျ ၊ အကြံပေးတာက လွယ်လွယ်လေး၊ တကယ်လုပ်ရတာတော့ ခက်တယ်။ ဘာကြောင့်လဲဆိုတော့ တပ်ကို ပြောလည်း တော်တော်တော့ နောက်ကျနေပြီ ၊ မင်းအောင်လှိုင်ကို ပြောရမှာ ၊ ဟုတ်လား။၊ကျန်တဲ့ကိစ္စတွေလည်းပဲ ကိုယ်ကလုပ်ရမှာ နှစ်ပေါင်း ၅၀၊ ကျွန်တော်ပြောတော့ မကောင်းဘူးဗျ ၊ neglect ဖြစ်တာ၊ နော်။  ဘာမှ ပြောစရာမလိ်ုဘူး နယ်စပ်သွားကြည့်၊ မြန်မာနယ်စပ်ကို ကြည့်၊ အိန္ဒိယနယ်စပ်ကိုကြည့်၊ ထူးခြားချက်တွေ တွေ့လိမ့်မယ်။ အဲ့ဒီဟာ ခင်ဗျားတို့ရေးရမှာ ဘယ်လို ထူးခြားလဲ ၊ တိုင်းပြည် တစ်ခုရဲ့ နယ်စပ်က ဘယ်လို ရှိသင့်လဲ ၊ဘာတွေ ဖြစ်သင့်လဲ၊ အဲ့ဒီ immigration ကြောင့် ဖောက်ဖျက်ပြီးတော့ ငွေရေးကြေးရေးတွေ စားနေတဲ့ လူတွေက သူဌေးတွေ ဖြစ်နေပြီ ခင်ဗျားလည်းသိတယ် ကျွန်တော်လည်း သိတယ်ဗျာ။ အဲ့ဒါတွေက နှစ်ပေါင်း ၅၀ ဗျ ၊ ဘယ်လိုလုပ်မလဲ ဒေါ်စု တစ်ယောက်တည်း ဘယ်လို လုပ်မလဲ ၊ဘယ်လို ထိန်းမလဲ။

မေး။              ။ အခုကတော့ အဂတိ တိုက်ဖျတ်ရေး ကော်မရှင်ဖွဲ့စည်းထားတာပဲ ဆရာရဲ့။ သူတို့လည်း ကြိုးကြိုးစားစားလုပ်နေတာပဲ။၊

ဖြေ။              ။လုပ်ပါတယ် ၊ကိုယ့်တာနဲ့ ကိုယ်တာပေါ့ဗျာ ၊ ကိုယ့်တာဝန်နဲ့ ကိုယ်လုပ်ကြ၊ ပြောစရာရှိရင်ပြောပါ။ ဒေါ်စုကိုလည်း ပြောချင်ပြော NLD ကိုလည်း ပြောချင်ပြော၊ ဒါပေမယ့် ခင်ဗျားတို့ တည့်တည့်ပြောပါ။ နောက်ပြီးရင်လည်း မှန်မှန်ကန်ကန် ပြောပါ ၊ နောက်ပြီးရင်လည်း အချိန်အခါနဲ့ ပြောပါ၊ အချို့ ပြဿနာတွေက အခြေခံ ပြဿနာ မဟုတ်ဘူးဗျ ၊ အချို့ ပြဿနာက အခြေခံ ပြဿနာ နော်၊ ဒီ အခြေခံ ဥပဒေ ပြင်လို့မရဘူး ဆိုတာက အခြေခံ ပြဿနာဗျ၊ ဘယ်တိုင်းပြည်မှာရှိလဲ အဲ့ဒီဟာ အဲဒီတော့ အဲဒါတွေကို ခွဲ ပြီးပြောရတယ်။

မေး ။             ။နောက်တစ်ခုမေးချင်တာကတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းပြည်တာဝန်ကို လွှဲပြောင်း ထမ်းဆောင်တာကတော့ အခုဆိုရင် ၃ နှစ်ကျော် ၄ နှစ်လောက်ရှိလာပြီ ပေါ့နော်။ ရှိလာတဲ့အခါကျတော့ ဆရာသိတဲ့ အတိုင်းပဲ ၉၀ တုန်းကလည်း လူထုက ပုံအောပြီးတော့မှ မဲပေးခဲ့ကြတယ်၊     ၂၀၁၅ မှာလည်း ဒီတိုင်းပဲ ပေးခဲ့ ကြတယ်။ ဒါပေမယ့် ၉၀ အခြေအနေကတော့ ဒါ အာဏာ လွှဲပြောင်းရယူနိုင်ခြင်း မရှိဘူးပေါ့ဗျာ၊ အခုကတော့ အာဏာရလာတယ် ၊ ဒါပေမယ့် ပြည်သူလူထုက ဘာဖြစ်လာလဲဆိုတော့ အားမလို အားမရ ဖြစ်လာတယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရ အပေါ်မှာ အားမလို အားမရတွေဖြစ်တယ် ဆိုတဲ့ အခါကျအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ performance စွမ်းဆောင်ရည်ကို နည်းနည်းလောက် ပြောပြပေး ပါလား ၊ သုံးသပ်ပေးပါလား ။

ဖြေ။              ။သုံးသပ်ပေးတော့လည်း အဲဒါပဲ ဗျ။ ကျွန်တော်တို့က ဂျာအေး သူ့ အမေရိုက်နေတယ်၊ ဒီ စီးပွားဘက်ကကြည့်မလား၊ နိုင်ငံရေးဘက်ကကြည့်မလား၊ ဘယ်ဘက်ကကြည့်မလဲ၊ အဲဒီမှာ အခြေခံတွေက လွဲနေတယ်ဗျ ၊ စီးပွားရေးကြည့်ရင်လည်း ဒီကနေ့  စီးပွားရေးမှာ ငွေရေးကြေးရေး ရှိတဲ့လူက ပြည်သူလူထုလား၊ ဘယ်လိုလူတွေလည်း ခင်ဗျားတို့လည်း သိနေတာပဲ ၊ နော် ဟုတ်လား နိုင်ငံခြားမှာက သူဌေးတွေဘာတွေ ကြိုးစားတယ်၊ လုပ်တယ်၊ ကိုင်တယ်  entrepreneurship ရှိတယ် ၊ မြန်မာပြည်မှာ entrepreneurship မရှိဘူးဗျ ၊ နိုင်ငံခြားလိုဟာမျိုး မရှိဘူး၊ ဆိုတဲ့ အခါကျတော့ သဘာဝ မကျဘူးဗျ ၊ သဘာဝမကျဘူး။ ငွေရှိတဲ့လူက သူ့ငွေကို နိုင်ငံခြား ဘဏ်တိုက်ထဲ သွားထည့်လိုက်တယ်  ၊  အဲ့ဒီဘဏ်တိုက်ထဲက ပိုက်ဆံတွေက မြန်မာပြည်မှာ ပြန်ပြီး invest လုပ်တယ်၊ ဘယ်သူနာလည်း၊ အဲဒါ  မြန်မာပြည်က ပိုက်ဆံတွေ။ ဘယ်သူနာလည်း၊ အဲ့ဒီတော့ငွေကိုယူပြီးတော့ ဒီပြင့်တိုင်းပြည်ပို့တဲ့လူကလည်း ဘာမှမဖြစ်ဘူး၊ အခွန် ၊ မိမိတိုင်းပြည်မှာ အများကြီးဆောင်ရမှာ၊ အဲဒီထဲမှာ property Tax ဆိုတာရှိတယ်ဗျ၊ မြန်မာပြည် ဘာမှမရှိဘူး။ ကိုယ်နေချင်သလိုနေ ဘာမှ လာ tax မကောက်နိုင်ဘူး၊ အစိုးရက ဘာနဲ့သွားလုပ်မလဲ ပိုက်ဆံမရှိတဲ့ အစိုးရဘယ်လို လုပ်မလဲ ။ နော် ကျွန်တော်က ကာတာတော့မဟုတ်ဘူး ၊ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ဒါက သင့်ထရက်ပလီ ပြောတာ၊ ဟို NLD မှာတော့ဖြင့် corruption မရှိဘူးလို့ ပြောတာမဟုတ်ဘူးနော်၊ မလုပ်သင့်တာတွေလည်း အများကြီးရှိချင်ရှိမှာပေါ့နော်၊ ဒါပေမယ့် တစ်ချိန်ထဲမှာ principle ကို ကျွန်တော်တို့ ပြောတာ principle က tax ကိုပေးရမယ်၊ ပေးတဲ့အခါမှာ ငွေရေးကြေးရေးရှိတဲ့လူက ပိုပေးရမယ်၊ နော် ငွေရေးကြေးရေး မရှိဘူး သိပ်ကို ဟိုဟာဖြစ်တဲ့လူဆိုရင် ပြန်တောင် ပေးလိုက်သေးတယ်၊ သူများတိုင်းပြည်မှာ။ အဲ့ဒီလိုဖြစ်ရမှာပေါ့ ဆိုတော့ ပြဿနာတွေက တစ်ခုတည်းမဟုတ်ဘူး၊ အများကြီးလာတာ နော် ၊ နိုင်ငံရေးဘက်မှာလည်း ခုနကပြောတဲ့ အခြခံဥပဒေ ပြဿနာတွေက အကြီးကြီး။ စီးပွားရေးဘက်မှာလည်း သိတဲ့အတိုင်းပဲ tax လည်းမလုပ်နိုင် ဘာလည်းမလုပ်နိုင်ရင် မဖြစ်ဘူး ၊ ဟုတ်တယ်မှတ်လားနော် ၊ အဲ့ဒါမျိးတွေကလည်း အကြီးကြီး ဆိုတော့ ကျွန်တော် ကာကွယ်ပြောတာတော့ မဟုတ်ဘူးဗျ၊ အဲ့ဒီဟာတစ်ခုကတော့ ဒီမိုကရေစီမှာ အပြစ်ပြောချင်ရင်ပြောလို့ရတယ်၊ တည့်တည့်ပဲပြော ဒါက ဘယ်ဌာနက ဘယ်သူ့အောက်မှာ ဘာဖြစ်သလဲ နော်ဒီ rule of law ဆိုတာ သိပ်အရေးကြီးတယ်၊ အဲ့ဒီ Rule of law ဆိုတာဘယ်ဌာနမှာရှိလဲ NLD အောက်မှာမဟုတ်ဘူး ၊ အဲ့ဒါ ရှင်းရှင်းလင်းလင်း ပြောရမယ်၊ ဒီ rule of law ကို မကိုင်ဘူးဆိုရင် တိုင်းပြည်မှာဖြစ်ချင်တာဖြစ်မှာ။ ဒါ on principle ၊ ဟုတ်လား။ ဟိုမှာ ဟိုဟာဖြစ်တယ် ၊ လုယက်မူ ဖြစ်တယ် ဒိုင်းဂွမ်းဆိုပြီး အရေးယူလိုက်ရင် တော်တော်တန်တန် နောက်ဆုတ်သွားမယ်၊  ဒါ rule of law ရှိတာ  ပြတာ။

မေး ။             ။ ဆိုတော့ ဆရာခုနကဆရာပြောသလိုပဲ ဒီ NLD အောက်မှာမရှိဘူးပေါ့နော် တချို့ ဝန်ကြီးဌာနတွေ . . .။

ဖြေ။              ။ တစ်ချို့မဟုတ်ဘူး အများကြီး၊ အဲ့ဒီဟာတွေက အကုန်လုံးအရေးကြီးတဲ့ဟာတွေချည်းပဲ။  တစ်ချို့မဟုတ်ဘူး ၊ကာကွယ်ရေး တစ်ခုတည်းမဟုတ်ဘူး ၊ ပြည်ထဲရေးလည်းပါတယ်၊ imegration လည်းပါတယ်၊ နောက်ဘာပါသေးလဲ။

မေး။              ။ဆိုတော့ အဲ့ဒီမှာ အစိုးရ ၂ ရပ် ဖြစ်နေတယ်ပေါ့လေ၊ ဆိုတဲ့အခါကျတော့ အဲဒီဟာကို   ဆရာ့နည်းနည်းလေး တပ်ပြောပြလိုရမလား၊ ကျွန်တော်တို့က ခုနကပြောသလိုပဲ ဆရာက အပြင်မှာနေတာ ၂၉ နှစ်ဆိုတော့လေ၊ ဆရာရယ် ကျွန်တော်တို့ ဒီမှာဆိုလို့ရှိရင် ကျွန်တော်တို့က ဒီမှာ နေလာတာဆိုတော့။

ဖြေ။              ။ အပြင်မှာနေတာနဲ့ မဆိုင်ဘူးနော်၊ ဆရာတို့ မီဒီယာမှာ တာဝန်ရှိတယ်၊ ထုတ်ပြောရမယ်။ မီဒီယာက ဆိုတော့ အပြင်မှာနေပြီးတော့ ပြည်တွင်းကဟာတွေ လေ့လာလို့ရတယ်။ ဒီတိုင်းပဲ ပြည်တွင်းမှာနေပြီးတော့ အပြင်ကဟာတွေ လေ့လာလို့ရတယ်။ ကဲပြောပါဦး။

မေး။              ။ အဲ့ဒီလိုပဲပေါ့နော် အစိုးရ ၂ ရပ်ဖြစ်နေတယ်ပေါ့နော်၊ ခုနကပြောသလိုပြည်ထဲရေး ကလည်း ကိုယ့်လက်အောက်မှာ မရှိဘူး ၊ ပြီးလို့ရှိရင်  ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကျွန်တော်တို့ လက်အောက်မှာ မရှိဘူး ၊ တခြားဌာနတွေလည်း ရှိဦးမှာပေါ့ ၊ ပြောကြတာတွေက ဒါ အစိုးရ ၂ ရပ်ဖြစ်နေတယ်ဆိုတဲ့ဟာမျိုး‌ပြောတယ် ဆရာ ၊ အဲ့ဒီဟာလေးလည်း နည်းနည်း သုံးသပ်ပေးပါ။ ဒါဘယ်လို ဖြစ်သင့်လဲဆိုတာ နည်းနည်းလေး ပြောပြပေးပါ။

ဖြေ။              ။ သင့်တာတော့မသင့်ဘူးပေါ့ဗျာ။ အစိုးရ ၂ ရပ်ဆိုတာ ဘယ်သင့်မလဲ၊ ဒါပေမယ့်လို့ အခြေခံအရ ဖြစ်လာတယ် ဖြစ်လာတဲ့အခါကျတော့ compromise လုပ်ဖို့လိုတယ်၊ ဒါပေမယ့် ဘယ်လ compromise လဲ၊ မသိဘူး၊ ဒါတွေဟာ ထိုင်းမှာလည်းဖြစ်တာပဲ ပြဿနာတွေ အင်ဒိုနီးရှားမှာလည်း ဖြစ်တာပဲ နော်၊ ဒါပေမယ့်လို့ ထိုင်းတို့ အင်ဒိုနီးရှားတို့မှာ မူးယစ်ဆေးဝါး ပြဿနာမရှိဘူးဗျ ၊ ပြည်တွင်းစစ် မရှိဘူး၊ အဲ့ဒီ ၂ခုက အရေးကြီးဆုံး။ မြန်မာပြည်မှာက ပြည်တွင်းစစ်လည်း ရှိတယ်၊ မူးယစ်ဆေးဝါး ပြဿနာကလည်း အကြီးကြီးအကြီးကြီးမှ တကယ့်အကြီးကြီး၊ အဲ့ဒီတော့ ဖြေရှင်းဖို့က ခက်တယ်ပေါ့နော်။

မေး။              ။ဟုတ်ကဲ့ဆရာ ကျေးဇူးအများကြီးတင်ပါတယ် ၊ အဲ့ဒီတော့ ဆရာ ရှေ့ဆက်ပြီးတော့ ဒါက တိုင်းရေးပြည်ရေး အခြေအနေပေါ့နော်၊    ဆရာလည်း ပြန်ရောက်လာပြီဆိုတော့  ဘယ်လိုဆုံးဖြတ်ပြီး ပြန်လာတာလည်း ဒီမှာပဲနေတော့မှာလား၊ ဘယ်လိုမျိုး ဆုံးဖြတ်လဲ။

ဖြေ။              ။ အခြေအနေအရပေါ့ဗျာ ၊သွားလိုက်လာလိုက်ပေါ့။ အခုအခြေအနေ အရတော့ သွားလိုက်လာလိုက် လုပ်ရမှာပဲ နောက်မှ ကျွန်တော် ဒီမှာနေမှာပေါ့ ။

မေး။              ။ဒီမှာနေဖို့ဆိုရင်ရော ဆရာ   နိုင်ငံရေး   လုပ်ဖို့ ရှိသေးလားဆရာ ။

ဖြေ။              ။မရှိပါဘူးဗျာ၊ ကျွန်တော် ၇၅ နှစ် ဒီလိုပဲ ဟိုလိုပြောလိုက် ဒီလိုပြောလိုက်ပေါ့ ။

မေး။              ။အခုကဆရာ တစ်ချို့တွေ ဆိုလို့ရှိရင် ပါတီကလည်း ၁၀၀ ကျော် ဖြစ်နေပြီပေါ့ဆရာ။ ကျွန်တော်တို့နိုင်ငံမှာ ပါတီပေါင်းစုံ ဖြစ်နေတဲ့အခါကျတော့ ဆရာရော နိုင်ငံရေးလမ်းကြောင်းပေါ်တက်ဖို့ ဘယ်လို သဘောထားရှိလဲ ။

ဖြေ။              ။ခက်တယ်ဗျ ပါတီက၊ နိုင်ငံရေးလမ်းကြောင်းက ကျွန်တော်တော့ မတက်ပါဘူး ၊ ဒါပေမယ့်လို့ ဒီ ပါတီဆိုတော့ အမျိုးမျိုးရှိတယ်ဗျ၊ ဟုတ်လား များသောအားဖြင့် ပြန်ကြည့်လိုက်ရင် ဂျပန်မှာ ဒုတိယ ကမ္ဘာစစ်ပြီးခါစက ပါတီကြီးတစ်ခုက ခေါင်းဆောင်ထားတာပေါ့ ၊ ဒါပေမယ့် ဂျပန်မှာ ဘာဖြစ်လဲဆိုတော့ သူတို့ ရဲ့အခြေခံဥပဒေကို အမေရိကန်က ရေးတာ၊ နောက်ပြီးတော့ သူတို့က အဲ့ဒီမှာနေတော့ ပြည်တွင်းစစ် မရှိဘူးပေါ့ဗျာ၊ နောက်ပြီးတော့ ဒီပါတီကြီးကပဲ အကုန်လုံးလုပ်၊ ဟုတ်လား။ ဒီတိုင်းပဲ အိန္ဒိယမှာလည်း Congress I ပါတီ၊ အခုမှ မိုဒီတို့ဘာတို့ ရောက်လာတာ ဟိုအရင်တုန်းက Congress I ပါတီပဲ၊ sometime of stability  ရှိတယ်ဆိုပြီးတော့ ယုံကြည်မူက ရှိလာတယ် ၊ တော်ကြာကျတော့ ဟိုပါတီ ဒီပါတီ ပြောင်း ဟိုပါတီ ဒီပါတီပြောင်းတာကတော့ အမေရိကားပဲ သိတယ်မှတ်လား ၊ဒါပေမယ့် အဲ့ဒီအခြေအနေကျတော့ ကျွန်တော်ကတော့ ပါတီတွေ သိပ်များရင်လည်း ကောင်းတော့မကောင်းဘူးဗျ ။ ဒါပေမယ်လို့ ဘယ်လိုဖြစ်သလဲတော့ မသိဘူး ဟိုးအရင်တုန်းက ဂျာမနီမှာ ပထမကမ္ဘာစစ်ပြီးတော့ ပါတီတွေ အများကြီးပဲ ၅%၊ ၅% နောက်ပိုင်းမှာ အဲ့ဒီဟာတွေ တားဖို့ အတွက်ကို ဘယ်နှရာခိုင်နူန်းနိုင်မှ ပါလီမန်ထဲကိုရောက်မှာ ဒီလိုရှိတယ်၊ သူတို့မှာ Rule of law တွေရှိတယ်။ ပါတီတစ်ခုထောင်ချင်ထောင် အဲ့ဒီပါတီက ဘယ်နှရာခိုင်နူန်းနိုင်မှ ပါလီမန်ထဲ ဝင်လို့ရတယ် ပေါ့နော်၊ အဲ့ဒါမျိုး သူတို့လုပ်ထားတာတော့ ရှိတော့ရှိတယ်။ ဒီလူထုထောက်ခံမူ များများရဖို့ကို။ . .  မရဘူးပေါ့ဗျာ။

မေး။              ။မဲခွဲတယ်ဆိုလို့ ရတာပေါ့ဗျာ။

ဖြေ။              ။မြန်မာလို ပြောရင်တော့ ၂ယောက်နဲ့ ၁ ပိုင်းလို့ပြောလို့ရတာပေါ့။

မေး။              ။   တစ်ချို့တွေက နိုင်ငံကြီးတွေမှာ ပျော်ကြတယ်လေ တစ်ချို့တွေဆို ဒါအခွင့်အရေးရဖို့ကို သွားကြတယ်။ ဆရာကတော့ မြန်မာပြည်ထဲကို ပြန်လာပြီးတော့ အခြေချမယ်ပေါ့လေ၊ စဉ်းစားမိတာ တစ်ခုက ဆရာ့အသက်အရွယ်ဆိုရင် မနက်မိုးလင်းရင် လမ်းလျှောက်မယ်၊ လေကောင်းလေသန့်ရှူမယ်၊ ကျန်းမာရေး လုပ်မယ် အစရှိသည်အားဖြင့် အဲ့ဒီတော့ မြန်မာပြည်ပြန်လာတော့ရော အဲ့ဒီအခြေအနေပေးရဲ့လား။ လေကောင်းလေသန့်ရောရရဲ့လား လမ်းရောရှင်းနေရဲ့လား။

ဖြေ ။             ။အဲ့ဒီဟာ ချက်ချင်းတော့ ဘယ်ရမလဲဗျာ၊ ဖြစ်သလို လုပ်ရတာပေါ၊့ အရေးကြီးတာက အိမ်ပဲဗျ၊ ခင်ဗျားအိမ်မှာ corridor ကောင်းကောင်းရှိရင် ဟိုဘက်ဒီဘက် လျှောက်တော့။  ကောင်းပါတယ်၊ ကျွန်တော်တို့ အဲ့ဒီလို လုပ်လို့တော့ရမှာပါ၊ အဲ့ဒီဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာလည်းပါတာပေါ့   ပြည်တွင်းစစ်ဖြစ် တဲ့ ကိစ္စတွေ၊ မူးယစ်ဆေးဝါးပြဿနာတွေ အကြီးကြီးနော်။ မူးယစ်ဆေးဝါးပြဿနာက တစ်ခါ သယံဇာတ ထွက်တဲ့ ပြဿနာကလည်း ကြီးတယ်၊ ဒီသယံဇာတထွက်လာတဲ့ တိုင်းပြည်တွေမှာ အခြေအနေမကောင်းဘူး၊ အများစု။ ဘာကြောင့်လဲဆိုတော့ အာဖရိကကိုကြည့် နော် black diamond တို့ဘာတို့ အဲ့ဒီမှာ တခါတည်း နိုင်တဲ့ကောင်က လုပ်တာပဲ၊ ဆူဒန်တို့ ဘာတို့ဆိုရင် war lords တွေ၊ war lords တွေက ဒီဟိုဟာမှာဆိုရင်လည်း အာဖဂန်နစ္စတန်တို့ ဘာတို့မှာ ဆိုရင်လည်း ဓာတ်တိုင်တောင် ဖြုတ်ရောင်းတာ၊ ပြည်သူလူထုအပေါ်မှာ ဘယ်လောက် စေတနာရှိလည်းဆိုရင် နော် အဲ့ဒီဟာမျိုးတွေက ဒီဖြစ်တာပေါ့ဗျာ။ မြန်မာပြည်က သယံဇာတ ကလည်း အရမ်းထွက်တယ် လူတွေ   မျက်စိကျတယ်၊ မျက်စိကျတာတော့ မြန်မာတင်မဟုတ်ဘူး၊ ကျန်တဲ့နိုင်ငံတွေ ကလည်း မျက်စိကျတယ်၊ အဲဒီမှာ မြန်မာမှာလည်း အချင်းချင်း ရန်တွေဖြစ်ကြတယ်၊ အဲဒီတော့ ကျွန်တော်တကယ့် ဒီသယံဇာတကြောင့်၊ ငွေမရှိရင် တကယ် လုပ်လို့မရဘူးဗျနော်၊ ခုနက ရေနံထွက်လာမယ် ဒီရေနံကြီးကို မီးရှို့လို့မှ မရတာ ရောင်းရမှာပဲလေ နော်။ black diamond ဆိုလည်း ဒီတိုင်းပဲ။ ဆိုတော့ နိုင်ငံတကာရဲ့ အာရုံစိုက်မူကလည်း အဲ့ဒီမှာရှိတယ် ပြည်တွင်းမှာလည်း ရှိတယ် ။ မြန်မာပြည်က သယံဇာတ ကလည်း တော်တော်ထွက်တယ်ဗျာ အများကြီးထွက်တယ် ။ အခုတော့ မသိဘူးပေါ့ဗျာ။ နော် ဒါပေမယ့်လို့ အခြေခံက အဲ့ဒီလို ဖြစ်တာ အဲ့ဒီ ဘိန်း၊ ဘိန်းကတော့ အင်္ဂလိပ်လုပ်သွားတာ လို့ ထင်တယ် ၊ နော်၊ ဘိန်းစစ်ပွဲတွေ ဘာတွေ ဒီကောင်တွေလုပ်သွားတာ၊ နောက်ပြီးမှ သူများကို ဆရာလုပ်တာ၊ ပြီးရင် ခင်ဗျားတို့ ဒါမလုပ်သင့်ဘူး ဒါလုပ်သင့်တယ် အဲ့ဒီတော့ ဘိန်းကလည်း big big business မထင်နဲ့ဗျ၊ big big business   ကမ္ဘာမှာ။ အာဖဂန်နစ္စတန် ကြည့်ကြည့် မက္ကဆီကို ကြည့်ကြည့် ဘိန်းရှိတဲ့နိုင်ငံမှာ ပြဿနာရှိတာပဲ နော်၊ သယံဇာတာပေါ့တဲ့နိုင်ငံ ပြဿနာရှိတာပဲ မြန်မာပြည်ကလည်း အဲ့ဒီဟာနဲ့သွားကိုက် ပြန်တယ်။ နော် အဲ့ဒီတော့ ရှင်းရမှာတွေကတော့ အများကြီး ဒါပေမယ့် အဓိက စစ်တပ်ပဲ စစ်တပ်မှာ အာဏာရှိတယ်၊ လက်နက်ရှိတယ်သူတို့ စုစည်းထားတဲ့ အစုအစည်းတွေ ရှိတယ် ။ သူတို့က ရှင်းရမှာ။

မေး။              ။သူတို့က ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ဆရာကပြောချင်တာပေါ့ ။

ဖြေ။              ။ငါတို့တိုင်းပြည်မှာ ဒါတွေ ဖြစ်နေပါသလားဆိုပြီးတော့ ဖြေရှင်းပေါ့၊ ဆိုတော့ ဟိုဟာမှာ အမှန်ကတော့ စစ်ဗိုလ်ချုပ်တွေက လုပ်တဲ့အလုပ်ပေါ့ဗျာ၊ ဆိုတဲ့အခါ  ဒီ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်သားတွေနဲ့ စစ်တပ်ကို ကျွန်တော်တို့က against မဟုတ်ဘူး ၊စစ်ဗိုလ်ချုပ်ပဲလေ President ဖြစ်တယ်၊ ဂျော့ဝါရှင်တန် စစ်ဗိုလ်ချုပ် President ဖြစ်တယ်၊ ဟိုမှာ philippines ကဆရာကြီး ဖြစ်နေတာပဲ ကမ္ဘာမှာက နော် ။ ကျွန်တော်တို့က ဒါတွေ against မဟုတ်ဘူး နော်၊ အမေရိကန်စစ်တပ် သူတို့စစ်တပ်မှာ အခြေခံ သိပ်ကြီးတယ် ၊ စစ်သားတွေ ရတဲ့အခွင်အရေးက အများကြီး မြန်မာပြည်ထက်များတယ်။ မြန်မာပြည်လို မဟုတ်ဘူး၊ အဲ့ဒီလို ရှိတယ်၊ သို့သော်လည်းပဲ ကိုယ့်နေရာနဲ့ကိုယ်ပေါ့ဗျာ  ဟုတ်လား၊ စစ်တပ်က ဖြေရှင်းနိုင်တဲ့ အင်အားရှိတယ် ၊ ဖြေလည်းဖြေရှင်းသင့်တယ်၊ ငါတို့တွေ အတိတ်ကာလကို ထားလိုက်တော့ ဒီအခြေအနေမှာ တိုင်းပြည်ရဲ့ ပြဿနာကို ဦးစီးပြီးတော့ ဖြေရှင်းသင့်တယ် ၊ မင်းတို့ ဒါမျိုးမလုပ်နဲ့ ငါလည်းမလုပ်ဘူး အဲ့့ဒီလိုမျိုး ဖြေရှင်းရမယ်။ ငါတော့လုပ်မယ်ကွာ မင်းတို့မလုပ်နဲ့ အဲ့ဒီလိုမျိုး ဆို မရဘူး။

မေး။              ။ကျေးဇူးပါဆရာ ၊   မေးခွန်း ၂ ခုလောက်ပါပဲ ဆရာရယ်။ တစ်ခုက ဆရာက အာဇာနည်ခေါင်းဆောင်ကြီးရဲ့ သားလည်း ဖြစ်တယ်။ NCGUB ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်ခဲ့တယ်ဆိုတော့  တိုင်းပြည်ရဲ့ပြဿနာတွေက တပ်မတော်ပါဝင်ပြီးတော့မှ စိတ်ရင်းစေတနာ အမှန်နဲ့ ဖြေရှင်းမှ ရမယ်လို့ ဆရာက ပြောခဲ့တယ်ဆိုတော့ ဆရာ တပ်မတော်ခေါင်းဆောင်တွေက ဆရာ့ထက် အသက်အရွယ်အားဖြင့်တော့ ငယ်ကြပါလိမ့်မယ်၊ ဆရာ တပ်မတော်ခေါင်းဆောင်တွေကိုရော ဘယ်လို မေတ္တာရပ်ခံချင်လဲ။

ဖြေ။              ။သူတို့ကိုမေတ္တာရပ်ခံလို့ မရဘူးဗျ။ သူတို့က အမိန့်နဲ့ သွားကြတဲ့လူတွေ ဟုတ်တယ်မှတ်လား။ အမိန့်နဲ့ သွားတဲ့လူတွေဆိုတော့ တော်တော်ခက်တယ်ဗျ၊  အဲဒီဟာကြောင့်မို့ ကျွန်တော်လည်း တပ်မတော်က တော်တော် ခက်တယ်  ရှိတော့ရှိမှာပေါ့လေ တစ်ဦးချင်းတော့ ရှိမှာပေါ့၊ ဦးတင်ဦး NLD။  ဦးတင်ဦးက စစ်တပ်ခေါင်းဆောင်ပဲဗျ နော် ကျွန်တော်တို့နဲ့ တွေ့တယ် ကျန်တဲ့လူတွေနဲ့တွေ့တယ်၊ ပြဿနာမရှိဘူးလေ ၊ အဲ့ဒီလိုလုပ်တဲ့ လူတွေလည်း ရှိတာပဲ။ တပ်မှာမရှိဘူးလို့ ကျွန်တော်မပြောဘူး နော်၊ ဦးတင်ဦးရှိတယ် ၊ နောက် ဦးကြည်မောင်ရှိတယ်၊သူတို့တွေရှိတာပဲ။

မေး။              ။  ကျေးဇူးတင်ပါတယ် ဗျာ။ ကျွန်တော်တို့ အချိန်လေးလည်း နည်းနည်းလင့်ပြီဆိုတော့ ဆရာ။ ဖြည့် ပြောစရာရှိရင် ပြောပါ။

ဖြေ။              ။ မပြောတော့ပါဘူးဗျာ ကျုပ်ပြောတာ ကုန်ပြီဗျ ။   ။ ( မဇ္စျိမ )

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly