ဟောင်ကောင်မှာ ဆန္ဒပြသမားတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပြန်

By AFP
16 September 2019
ဟောင်ကောင်မှာ ဆန္ဒပြသမားတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပြန်

စက်တင်ဘာ ၁၅ ။          ။ ဟောင်ကောင်မှာ စက်တင်ဘာ ၁၅ ရက်က ဒီမိုကရေစီ လိုလားတဲ့ လူထု စုရုံးချီတက်ပွဲတစ်ခုအတွင်း ရဲတွေနဲ့ ဆန္ဒပြသမားတွေအကြား ထိပ်တိုက်တွေ့ပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသမားတွေဘက်က ကျောက်ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ၊ ရေအမြှောက်တွေ သုံးပြီး ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။

ဒါဟာ ဟောင်ကောင်ဆန္ဒပြသူတွေအနေနဲ့ အာဏာပိုင်တွေရဲ့ တားမြစ်မှုကို အံတုပြီး စက်တင်ဘာ ၁၅ ရက်မှာ ကြီးမားတဲ့ လူထုစုရုံးချီတက်ပွဲတစ်ခု ပြုလုပ်ခဲ့ကြရာကနေ ခုလို အခြေအနေတွေ ပြန်လည်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ယခုလို ဆန္ဒပြချီတက်ပွဲအတွင်း ထိပ်တိုက်တွေ့ အပြန်အလှန် ပစ်ခတ်မှုတွေနဲ့အတူ ယင်းမြို့မှာ ကြုံတွေ့နေတဲ့ နိုင်ငံရေးအကျပ်အတည်းကတော့ ဆက်လက် နက်ရှိုင်းနေဆဲ ဖြစ်ပါတယ်။

ဟောင်ကောင် အစိုးရရုံးတွေရဲ့ ပြင်ပမှာ ခုလို အပြန်အလှန် ထိပ်တိုက်တွေ့ရင်း ရုန်းရင်းဆန်ခတ်အခြေအနေတွေကို ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required