အင်ဒိုနီးရှား တောမီးက အိမ်နီးချင်းနိုင်ငံများအထိ မီးခိုးများ ပြန့်နှံ့လွှမ်းခြုံ၍ သံတမန် တင်းမာမှုဖြစ်

အင်ဒိုနီးရှား တောမီးက အိမ်နီးချင်းနိုင်ငံများအထိ မီးခိုးများ ပြန့်နှံ့လွှမ်းခြုံ၍ သံတမန် တင်းမာမှုဖြစ်

ဂျကာတာ၊ စက်တင်ဘာ ၁၄ ။             ။ အင်ဒိုနီးရှားနိုင်ငံရဲ့ နေရာတော်တော်များများမှာ တောမီးလောင်ကျွမ်းနေချိန် အမျိုးသား လေကြောင်းနှင့် အာကာသဌာနက မီးလောင်မယ့် ဘေးများတဲ့ အပူဇုန် နေရာ ၅၀၀၀ ကျော်ထက်မနည်းကို ထောက်လှမ်းတွေ့ရှိပါတယ်။

အင်ဒိုနီးရှားရဲ့ အခု တောမီးဟာ အိမ်နီးချင်းနိုင်ငံတွေဆီ မီးခိုးပြန့်နှံ့လွှမ်းခြုံမှုတွေကြောင့်လည်း သံတမန်ရေး တင်းမာမှု ဖြစ်နေပါတယ်။

ဇွန်လအတွင်း ခြောက်သွေ့ရာသီအစမှာ စတင်လောင်ကျွမ်းတဲ့ တောမီးဟာ စက်တင်ဘာလအစမှာ အဆိုးဆုံး ဖြစ်လာခဲ့ပြီး မလေးရှားနိုင်ငံနဲ့ သံတမန်တင်းမာမှု ဖြစ်ပွားနေရပါတယ်။

မီးခိုးတွေက နိုင်ငံထဲထိ ပြန့်နှံ့လာပြီး ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေကြောင်း မလေးရှားနိုင်ငံက ပြောပေမယ့် အင်ဒိုနီးရှားကတော့ ငြင်းဆန်ပြီး မီးခိုးတွေဟာ မလေးရှားနိုင်ငံတွင်းက တောမီးကြောင့်ပဲ ဖြစ်တယ်လို့ ပြန်လည်စွပ်စွဲပြောဆိုတာကြောင့် သံတမန်ရေး ထိပ်တိုက်တွေ့နေပါတယ်။

အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအနေနဲ့ ဘူးခံပြီး မငြင်းဆန်သင့်ကြောင်း၊ မလေးရှားနိုင်ငံမှာ အပူဇုန်နေရာတွေ တွေ့ရှိတာက ခုနစ်နေရာပဲ ရှိပြီး အင်ဒိုနီးရှားမှာ ရာပေါင်းများစွာ ရှိနေတာနဲ့ နှိုင်းယှဉ်နိုင်ကြောင်း မလေးရှား သဘာဝပတ်ဝန်းကျင်ဝန်ကြီး ရီယိုဘင်းယင်က ပြောခဲ့ပါတယ်။

မလေးရှားနိုင်ငံ ဆာရာဝတ်ပြည်နယ်မှာ အင်္ဂါနေ့ကစပြီး စာသင်ကျောင်း ရာပေါင်းများစွာ ပိတ်ထားရတာကြောင့် ကျောင်းသားပေါင်း တစ်သိန်းခွဲကျော် ကျောင်းမတက်ရဘဲ ရှိနေပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ စာသင်ကျောင်းတွေမှာ မျက်နှာစည်းတွေ ငါးသိန်းကျော်ထက်မနည်း ဖြန့်ဝေပေးထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly