ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင် အာမခံရရှိ

14 September 2019
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင် အာမခံရရှိ

မော်တော်ယာဉ် ၅ စီး ဝယ်ယူမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသော ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသ ကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်၏ အာမခံလျှောက်ထားမှုကို ပုသိမ်မြို့နယ်တရားရုံးက စက်တင်ဘာလ ၁၃ ရက်နေ့တွင် အာမခံပေးလိုက်ကြောင်း သိရသည်။

ပုသိမ်မြို့နယ်တရားရုံးတွင် စက်တင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သော ရုံးချိန်း၌ ဦးစံမင်းအောင်၏ အာမခံ လျှောက်ထားမှုကို ကျပ် သိန်း၅၀၀၊ အာမခံနှစ်ယောက်ဖြင့် အာမခံပေးလိုက်ကြောင်း ပုသိမ်မြို့နယ် တရားသူကြီးဒေါ်ခင်မြတ်မြတ်ထွန်းက ပြောသည်။

ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်းဦးစံမင်းအောင်ကို တိုင်းဒေသကြီး လွှတ်တော် ဒုတိယညွန်ကြားရေးမှူး ဦးဇော်လင်းထွန်းက တိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုရန် ကားဝယ် ယူမှုနှင့် ပတ်သက်၍ ပုဒ်မ ၄၀၉ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှုကို စက်တင်ဘာလ ၁၉ရက်နေ ့တွင် တရားလိုအား စတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရှိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly