လက်ဖက်ရည်သောက်ခြင်းက ဦးနှောက်စွမ်းရည် တိုးတက်ကောင်းမွန်စေ

လက်ဖက်ရည်သောက်ခြင်းက ဦးနှောက်စွမ်းရည် တိုးတက်ကောင်းမွန်စေ

သင်ဟာ ပုံမှန် လက်ဖက်ရည် သောက်သုံးသူပါလား။ သောက်တယ်ဆိုရင်တော့ သင့်ရဲ့ ဦးနှောက်စွမ်းရည်ဟာ လက်ဖက်ရည်မသောက်တတ်သူတွေနဲ့ နှိုင်းယှဉ်ရင် ပိုမိုစွမ်းပိုကောင်းလိမ့်မှာဖြစ်တယ်လို့ စင်ကာပူ အမျိုးသားတက္ကသိုလ် NUS က သုတေသနပြု တွေ့ရှိပါတယ်။

အသက်ကြီးပိုင်းတွေရဲ့ ဦးနှောက် ပုံရိပ်မှတ် အချက်အလက်တွေကို စူးစမ်းလေ့လာကြည့်ရာမှာ သီတင်းတစ်ပတ်ကို လက်ဖက်ရည် အနည်းဆုံး လေးကြိမ် သောက်သုံးလေ့ရှိသူတွေမှာ ဦးနှောက်ရဲ့ အချက်အလက်မှတ် နယ်ပယ်က ပိုပြီး အားကောင်းတာကို တွေ့ရကြောင်း NUS က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။

သုတေသနအဖွဲ့ဟာ အသက် ၆၀ ကနေ အထက် အသက်ကြီးပိုင်း ၃၆ ဦးနဲ့ သုတေသနပြုပြီး ၎င်းတို့ရဲ့ ကျန်းမာရေး၊ ဘဝနေထိုင်မှုပုံစံနဲ့ စိတ်ကျန်းမာရေး အခြေအနေစတဲ့ အချက်အလက်တွေကို စုဆောင်းကောက်ယူခဲ့ပါတယ်။

ဒါအပြင် ဦးနှောက်ရဲ့ စိတ်ခံစားမှု တုံ့ပြန်ချက် neuropsychological နဲ့ ပုံရိပ်သိုလှောင်မှု MRI စမ်းသပ်ချက်တွေကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီ သုတေသနကို ၂၀၁၅ ကနေ ၂၀၁၈ အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နှစ်အစိတ်လောက် ရေနွေးကြမ်း၊ လက်ဖက်ရည် စတာတွေကို သီတင်းပတ် တစ်ပတ်မှာ အနည်းဆုံး လေးကြိမ် ပုံမှန်သောက်သုံးခဲ့သူတွေဟာ ဦးနှောက်စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ကြောင်း ဒီ သုတေသနအရ ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly