စပိန်မှာ မိုးသည်းထန်ပြီး ရေကြီးတာကြောင့် လူနှစ်ဦး သေဆုံး

By AFP
13 September 2019
စပိန်မှာ မိုးသည်းထန်ပြီး ရေကြီးတာကြောင့် လူနှစ်ဦး သေဆုံး

မက်ဒရစ်၊ စက်တင်ဘာ ၁၃ ။          ။ စပိန်တောင်ပိုင်းမှာ စက်တင်ဘာ ၁၂ ရက်က မိုးသည်းထန်ပြီး ရေကြီးမှုတွေ ဖြစ်တာကြောင့် အသက်ကြီးပိုင်း စုံတွဲတစ်တွဲ ကားတိမ်းမှောက်မှုဖြစ်ပြီး သေဆုံးပါတယ်။

ဒီလို ရေဘေးအတွင်းမှာ ခရီးသွားလာမှုတွေ ဖရိုဖရဲဖြစ်ကုန်သလို စာသင်ကျောင်းတွေလည်း ပိတ်ထားရတာကြောင့် ထောင်ပေါင်းများစွာသော ကလေးငယ်တွေ ကျောင်းမတက်ရ ဖြစ်နေကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

ဗယ်လန်စီယာမြို့ရဲ့ အနောက်တောင်ပိုင်း ကော့ဒီတေးအရပ်က လမ်းမှာ အသက် ၇၀ ဝန်းကျင်ရှိ အဆိုပါ စုံတွဲ ကားမောင်းလာချိန် ရေတွေ တစ်ဟုန်ထိုးစီးကျတာကြောင့် ကားတိမ်းမှောက်ပြီး သေဆုံးရတာဖြစ်တယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။

မိုးသည်းထန်တဲ့ အရပ်ဒေသတိုင်းမှာ ကားလမ်းတွေ ယာဉ်ပိတ်ဆို့မှုဖြစ်ပြီး ခရီးသွားပို့ဆောင်ရေးတွေ အမျှင်ပြတ်နေပါတယ်။

ကလာရီယာနိုမြစ်မှာ မြစ်ရေလျှံပြီး အိမ်တွေ ရေလွှမ်းတာကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ ရှိနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

၁၉၁၇ ခုနှစ်က စတင်မှတ်တမ်းတင်မှုအရ ယခု မိုးရွာသွန်းမှုဟာ အသည်းထန်ဆုံးဖြစ်ပြီး အရှိန်အဟုန်နဲ့ စီးလာတဲ့ ရေလွှမ်းမှုမှာ ကားတွေပါ မျောပါကြောင်း မိုးလေဝသဌာန ကြေညာပါတယ်။

“အထူးသတိထားကြပါ။ ခုလို အခြေအနေမျိုး ဖြစ်ပေါ်နေတာကို လူမှုမီဒီယာတွေပေါ် တင်ဖို့ ဓာတ်ပုံရိုက်ကြရာမှာ အန္တရာယ်ရှိတယ်ဆိုတာ သတိထားကြပါတယ်။ ကားမမောင်းဖို့လည်း သတိပေးချင်ပါတယ်။”လို့ အွန်တင်ယန့်မြို့တော်ခန်းမက တွစ်တာမှာ သတိပေးရေးသားထားပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required