ပရီးမီးယားလိဂ် ချန်ပီယံဆုရယူဖို့ မန်ချက်စတာယူနိုက်တက်အသင်း အသင့်မရှိသေးဘူးလို့ သုံးသပ်သွားတဲ့ ဝင်းဂါး

ပရီးမီးယားလိဂ် ချန်ပီယံဆုရယူဖို့ မန်ချက်စတာယူနိုက်တက်အသင်း အသင့်မရှိသေးဘူးလို့ သုံးသပ်သွားတဲ့ ဝင်းဂါး
Photos: EPA

အာဆင်ဝင်းဂါးက ယခုနှစ်ရာသီအတွက် ပရီးမီးယားလိဂ်ချန်ပီယံ ရယူနိုင်ရေးကိစ္စမှာ မန်ချက်စတာယူနိုက်တက်ကို ဖယ်ထုတ်ထားရမှာဖြစ်သလို ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်နေတယ်ဆိုပေမယ့်လည်း ကလပ်အသင်းရဲ့ ကြီးကျယ်မှုမျိုးကိုတော့ အသက်ပြန်သွင်းနိုင်ဖို့ဆိုတာ သံသယဖြစ်မိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ရာသီသစ်ရဲ့ ပွဲစဉ် (၄)အပြီး ယူနိုက်တက်ဟာ (၁)ပွဲနိုင်၊ (၁)ပွဲရှုံးနဲ့ (၂)ပွဲသရေရလဒ် ပိုင်ဆိုင်ခဲ့ပြီးနောက်မှာတော့ အာဆင်နယ်နည်းပြဟောင်း ဝင်းဂါးက ဆိုးလ်ရှားရဲ့အသင်းမှာ တစ်စုံတရာသော စွမ်းဆောင်နိုင်မှုများကို ပြသလာနိုင်လိမ့်မယ်လို့ ခံစားမိပေမယ့် သူတို့ဟာ ထိပ်ဆုံး (၄)သင်းအတွက်တော့ အသင့်အနေအထားမှာ ရှိမနေသးဘူးလို့ အခိုင်အမာဆိုပါတယ်။

"မန်ယူနိုက်တက်ကို ခင်ဗျား မြင်တွေ့ချိန်မှာ သူတို့ဟာ ဥပမာတွေထဲက တစ်ခုဖြစ်နေမှာပါ။ အဲဒီနေရာမှာ အလားအလာတွေရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ ပူးပေါင်းလုပ်ဆောင်တဲ့ နည်းမျိုးကိုတော့ ရှာမတွေ့သေးပါဘူး။"လို့ ဝင်းဂါးက beIN Sports ကို ပြောဆိုခဲ့ပါတယ်။

"ဒီအသင်းမှာ ရှိတဲ့ ကစားသမားတွေဟာ မန်ယူနိုက်တက်လိုမျိုး ကစားတဲ့ ဟန်မျိုးကို သယ်ဆောင်ဖို့ လုံလောက်တဲ့ ရင့်ကျက်မှုတွေ မရှိသေးတာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ အခုဆိုရင် ဒါကို မေးခွန်းထုတ်ရမှာပါ။"

"သူတို့အနေနဲ့ တစ်စုံတရာသောာ စွမ်းဆောင်နိုင်မှုမျိုးတွေနဲ့ ထွက်ပေါ်လာဖို့ ရှိနေတယ်ဆိုတာ ခင်ဗျား ခံစားရတယ်ဆိုပေမယ့် ဒါဟာ အသင့်ဖြစ်မနေသေးပါဘူး။ သူတို့ကစားတာကို ခင်ဗျာကြည့်တဲ့ချိန်မှာ သူတို့ဟာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့ စာရင်းထဲမှာ မပါဘူးဆိုတာ မြင်မှာပါ။

“ဂစ်၊ စခိုးလ်၊ ဘက်ခမ်းတို့ နှစ်ပေါင်းတော်တော်များများ လုပ်ဆောင်ခဲ့တာမျိုးကို လိုက်ယှဉ်နိုင်မလားဟုတ်လား။ ပုဂ္ဂိုင်အရေးအမြင်အရဆိုရင် ကျနော် ဒါကို မယုံကြည်ပါဘူး။

ယူနိုက်တက်အသင်းဟာ ယခုတစ်ပတ် စနေနေ့မှာ အိုးထရက်ဖို့ဒ်မှာ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကစားသွားမှာဖြစ်ပါတယ်။

 

Ref; Skysports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly