ခက်ခဲတဲ့အချိန်မျိုးမှာ လာလီဂါဆုဖလား ရယူနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ် - မော်ရင်ဟို

ခက်ခဲတဲ့အချိန်မျိုးမှာ လာလီဂါဆုဖလား ရယူနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ် - မော်ရင်ဟို
Photo: EPA

ဟိုဆေး မော်ရင်ဟိုက သူ့အနေနဲ့ စပိန်မြေမှာ ဆုဖလားရယူနိုင်ဖို့ ခက်ခဲတဲ့အမျိုးမှာ လာလီဂါအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့လို့ ဂုဏ်ယူမိတယ်လို့ ကြာသပတေးနေ့က ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီသားနည်းပြကြီးက အဲဒီအချိန်တုန်းက ဆုဖလားအောင်မြင်မှုရအောင် လုပ်ဆောင်ဖို့ ခက်ခဲပြီး ဒါကို လုပ်ဆောင်နိုင်ခဲ့လို့ အမှန်ပဲထူးခြားကောင်းမွန်ခဲ့တယ်လို့ မက်ဒရစ်မြို့မှာ လာလီဂါက စီစဉ်ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့တာပါ။

သူက ၂၀၁၁-၁၂ ရာသီ လာလီဂါဖလားဆွတ်ခူးခဲ့တာကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီရာသီက သူဟာ ရီးယဲလ်မက်ဒရစ်ကို ဦးဆောင်ခဲ့ပြီး မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကို (၉)မှတ်ဖြတ်ပြီး စုစုပေါင်းရမှတ် (၁၀၀)နဲ့ လာလီဂါဖလားကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

"ကျနော့်ရဲ့အကောင်းဆုံး အမှတ်တရက လာလီဂါဖလားကို ရယူခဲ့ချိန်ကပါ။ ကျနော် စပိန်မြေကို လာတယ်။ ဘာကြောင့်လဲဆိုတော့ ရီးယဲလ်မက်ဒရစ်ကို ကိုင်တွယ် လေ့ကျင့်ပေးလိုပြီး အင်္ဂလန်၊ အီတလီနဲ့ စပိန် မတူညီတဲ့ ထိပ်တန်းလိဂ် (၃)ခုမှာ အမှတ်ပေးဖလားကို ပထမဆုံးအဖြစ် ရယူဖို့ ကြိုးစားလိုတာကြောင့်လည်းဖြစ်တယ်။ အဲဒီစိတ်ကူးတွေနဲ့အတူ ရောက်ရှိလာခဲ့တာပါ။"လို့ မော်ရင်ဟိုက ပြောပါတယ်။

အသက် (၅၆)နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ သူ့ရဲ့မျိုးဆက်မှာ အအောင်မြင်ဆုံးနည်းပြထဲတွေက တစ်ဦးဖြစ်ပြီး သူဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ (၃)နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းကို လာလီဂါဖလား (၁)ကြိမ်နဲ့ စပိန်ဘုရင့်ဖလား (၁)ကြိမ် ရယူပေးခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly