ထိုင်းကစားသမားကို အနိုင်ယူပြီး သက်ထားသူဇာ ကွာတားဖိုင်နယ် တက်

ထိုင်းကစားသမားကို အနိုင်ယူပြီး သက်ထားသူဇာ ကွာတားဖိုင်နယ် တက်
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

ရန်ကုန်၊ စက်တင်ဘာလ ၁၂ ။        ။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်သည့် နိုင်ငံတကာကြက်တောင်ရိုက်ပြိုင်ပွဲ Myanmar International Series 2019 တွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ထိုင်းကစားသမား ဆာယာပွန်းကို အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

အမျိုးသမီးတစ်ချင်းပြိုင်ပွဲ ၃၂ ဦးအဆင့်  ရှုံးထွက် ပြိုင်ပွဲတွင် သက်ထားသူဇာသည် ပထမ ၂၁ မှတ်တွင် ရမှတ် ၂၁ ၊ ထိုင်းကစားသမား ရမှတ် ၁၀ မှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ဒုတိယပွဲစဉ်တွင် သက်ထားသူဇာသည်  ရမှတ် ၂၁ - ၁၄ မှတ်ဖြင့် အနိုင်ရရှိ ခဲ့သောကြောင့် ပွဲစဉ် သုံးပွဲတွင် နှစ်ပွဲ အနိုင်ရရှိခဲ့ပြီး ကွာတိုင်းဖိုင်နယ်အဆင့် သို့ တက်ရောက် သွားနိုင်ခဲ့ခြင်းဖြစ်သည်။

"သူ နဲ့က သက်တောင်သက်သာ ပါပဲ။ သူက ငယ်လည်းငယ်သေးတယ် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံလည်း မရှိသေးတော့ နိုင်သွားတာပါ။ဟိုမှလည်းတော်တေ်ာလေ့ကျင့်ခဲ့တော့ သူ နဲ့သိပ်မရိုက်လိုက်ရပါဘူး " ဟု မြန်မာကြက်တောင်ကစားမယ် သက်ထားသူဇာက မီဒီယာများကိုပြောသည်။

Myanmar International Series 2019 ပြိုင်ပွဲ  ကို စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၅ ရက် အထိ ကျင်းပ သွားမည်ဟု သိရပြီး ပြိုင်ပွဲကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်အားကစားကွင်း တွင် ကျင်းပနေခြင်းဖြစ်သည်။ ယခုပြိုင်ပွဲသို့ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အားကစားသမား ၁၃၉ဦး နှင့် မြန်မာနိုင်ငံမှ အားကစားသမား ၁၃ ဦး တို့ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်သည်။

သက်ထားသူဇာသည် စက်တင်ဘာလ ၁၂ ရက်နေ့မှသာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကို ၃၂ ဦးရှုံးထွက်အဆင့် မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ယခုပွဲတွင် ကမ္ဘာအဆင့်သတ်မှတ်ချက် အဆင့် ၇၂ ဆင့်ရှိသော သက်ထားသူဇာ နှင့် ကမ္ဘာ့အဆင့် ၈၈၄ ရှိသော ထိုင်းကြက် တောင်အားကစားမယ် ဆာယာပွန်းတို့ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly