၂၀၁၅ ခုနှစ် ညို့အားအပြင်းဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံရတဲ့ အမ်မီလာ ကလပ်ခ်

၂၀၁၅ ခုနှစ် ညို့အားအပြင်းဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံရတဲ့ အမ်မီလာ ကလပ်ခ်

ဗြိတိန် သရုပ်ဆောင်မင်းသမီး  အမ်မီလာ ကလပ်ခ်သည် ၂၀၁၅ ခုနှစ် ညို့အားအပြင်းဆုံး အမျိုးသမီးအဖြစ် Esquire မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

အဆိုပါ မဂ္ဂဇင်းက ၎င်းတို့၏ နှစ်စဉ်ချီးမြှင့်သည့် ဂုဏ်ပြုဆုကို အမ်မီလာ ကလပ်ခ်ကို ချီးမြှင့် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အမ်မီလာသည် HBO ရုပ်သံကုမ္ပဏီ၏ နာမည်ကြီး လူကြိုက်များခဲ့သော Game of Thrones ဇာတ်ကားတွင် ဘုရင်မ ဒနေးရီးစထရာဂွာယမ်အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ကလပ်ခ်သည်  နဝင်ဘာလထုတ် Espuire မဂ္ဂဇင်း မျက်နှာဖုံးအ တွက် အပေါ်ပိုင်း ဗလာကျင်းပုံဖြင့် ဓာတ်ပုံရိုက်ခဲ့ပြီး အတွင်းပိုင်း စာမျက်နှာများအတွက်လည်း ညို့အားပြင်း ဓာတ်ပုံများကို ရိုက်ခဲ့သည်။

ညို့အားအပြင်းဆုံး အမျိုးသမီးဆုကို ၂၀၁၄ ခုနှစ်က စပိန်မင်းသမီး ပန်နီလုပ် ခရုဇ်က ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်က ဗြိတိန်မင်းသမီး ကိတ်ဘက်ကင်ဆေးလ် ရရှိခဲ့ပြီးနောက်ပိုင်း ကလပ်ခ်သည် အဆိုပါဆု ကို ရရှိသည့် ပထမဆုံး ဗြိတိန်အမျိုးသမီး ဖြစ်လာခဲ့သည်။

အမေရိကန် သရုပ်ဆောင်မင်းသမီး စကားလက်ဂျိ ဟန်ဆန်သည်လည်း Esquire မဂ္ဂဇင်း၏ ညို့အားအပြင်းဆုံး အမျိုးသမီးဆုကို ရရှိခဲ့သူတစ်ဦး ဖြစ်သည်။

ကလပ်ခ်သည် Terminator: Genisys ဇာတ်ကားတွင် ဆာရက်ကွန်နော်အဖြစ် သရုပ်ဆောင် လျက်ရှိပြီး မကြာမီ ထုတ်လွှင့်ပြသမည့် Me Before You ဒရမ်မာ ဇာတ်ကားတွင်လည်း သရုပ်ဆောင် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required