မြေမြှုပ်မိုင်းများ ပေါက်ကွဲစေရန် အေအေအဖွဲ့က နည်းပညာသုံးကာ လုပ်ဆောင်နေဟု အိန္ဒိယ ထောက်လှမ်းရေး ပြော

မြေမြှုပ်မိုင်းများ ပေါက်ကွဲစေရန် အေအေအဖွဲ့က နည်းပညာသုံးကာ လုပ်ဆောင်နေဟု အိန္ဒိယ ထောက်လှမ်းရေး ပြော
A landmine lying on the ground. Photo: AFP

စက်တင်ဘာ ၁၂ ။                ။ မြန်မာ့တပ်မတော်ကို ပစ်မှတ်ထားပြီး မြေမြုပ်မိုင်းများ ပေါက်ကွဲစေရန်အတွက် ရက္ခိုင့်တပ် (အေအေ) က Bluetooth ၊ Wi-Fi နည်းပညာကို အသုံးပြုကာ လုပ်ဆောင်နေလျက်ရှိကြောင်း အိန္ဒိယ ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားကြောင်း DNAIndia.com က ဖော်ပြပါတယ်။

အေအေ အဖွဲ့ဟာ မီဇိုရမ်ပြည်နယ် Lawngtala ခရိုင်အတွင်းက ဧရိယာတွေမှာ ကမ့်စခန်းများစွာ ထူထောင်ထားကြောင်း၊ ယင်းအတွက်ကြောင့် ကုလားတန် ပရောဂျက်ကို ခြိမ်းခြောက်နေကြောင်း၊ ယင်းပရောဂျက်ဟာဆိုရင် ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှဒေသထံ အိန္ဒိယရဲ့ ဝင်ပေါက်တစ်ခုအဖြစ် ရှုမြင်နိုင်ကြောင်း အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Zee News က ရရှိခဲ့တဲ့ အဆိုပါ ထောက်လှမ်းရေး အေဂျင်စီရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်အနေနဲ့ အဆိုပါ မြေမြုှပ်မိုင်း ခြိမ်းခြောက်မှု အန္တရာယ်ကို လျော့ပါးစေဖို့အတွက် jammers များကို အသုံးပြုထားတယ်လို့ လည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် မြန်မာ့တပ်မတော် ခြေလျင် တပ်ရင်းများအနေဖြင့် မကြာခဏဆိုသလို ယင်း ဧရိယာများကို လှုပ်ရှားသွားလာရာမှာ jammers များကို အသုံးပြုနေကြောင်း ယင်းက ဖော်ပြသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required