လီဂျင်ဝုခ် နှင့် မွန်ချဲဝန်တို့ MBC ရုပ်သံ ဇာတ်လမ်းတွဲ ပါဝင် သရုပ်ဆောင်သွားမည်

လီဂျင်ဝုခ် နှင့် မွန်ချဲဝန်တို့ MBC ရုပ်သံ ဇာတ်လမ်းတွဲ ပါဝင် သရုပ်ဆောင်သွားမည်

တောင်ကိုရီးယားမင်းသား လီဂျင်ဝုခ် နှင့် မွန်ချဲဝန်တို့သည် MBC ရုပ်သံ၏ Goodbye Mr. Black ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

Goodbye Mr. Black ဇာတ်ကားတွင် လီဂျင်ဝုခ်သည် ကျူးလွန်ခဲ့ခြင်း မရှိသည့် ရာဇဝတ်မှုပြစ် မှုအတွက် သြစတြေးလျသို့ နယ်နှင်ဒဏ် ပေးခြင်းခံရသည့် ရေတပ်အရာရှိ ချန်ဂျီဝမ်အဖြစ် သရုပ် ဆောင် သွားဖြစ်သည်။ ယင်းနောက် ချန်ဂျီဝမ်သည် ၎င်း မည်သူမည်ဝါ ဖြစ်သည်ကို ဖုံးကွယ်ရန်နှင့် လက်စားချေရန်အတွက် တောင်ကိုရီးယား နိုင်ငံအတွင်းသို ပြန်လည် ဝင်ရောက်ခဲ့ပြီး ဆွမ်နှင့် အတု ယောင် လက်ထပ်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ဇာတ်ကားတွင် မင်းသမီး မွန်ချဲဝန်သည် ဆွမ်အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါ ဇာတ်ကားကို လာမည့်နှစ်တွင်  ပြသသွားမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့နှင့် ကြာသပေးနေ့တို့တွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly