လာမဲ့စက်တင်ဘာလ ၁၁ ရက်နေ့၊ ခြောက်ကြိမ်မြောက် ရုံးချိန်းမှာ နေပြည်တော်ဗစ်တိုးရီးယားအမှုအတွက် အရေးကြီးဆုံးသက်သေဖြစ်တဲ့ နစ်နာသူကလေးငယ်ကို Video Conferencing စနစ်နဲ့ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဒက္ခိဏခရိုင်တရားခွင်ရဲ့ဘေးမှာရှိတဲ့ အခန်းငယ်တစ်ခုထဲမှာ နစ်နာသူ ကလေးငယ် ၊ ကလေးငယ်ရဲ့ အမေ၊ တရားလွှတ်တော်ချုပ်ကနေ အဲ့ဒီအမှုအတွက် သီးသန့်တာဝန်ပေးထားတဲ့ ကလေးသူငယ်စိတ်ပညာမှာ ကျွမ်းကျင်တဲ့ အမျိုးသမီးတရားသူကြီးတစ်ဦးတို့ ရှိနေမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က နေပြည်တော်ရှိ Wisdom Hill ကျောင်းမှာ တက်ရောက်နေတဲ့ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး ကျောင်းကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်းကို သံသယတရားခံအဖြစ် တရားစွဲဆိုထားပါတယ်။ ဒီအမှုကို လူအများက ဗစ်တိုးရီးယားလို့ အမည်ပေးထားတာ ကလေးရဲ့ အဖေ၊ အမေနဲ့ အဖွားတို့ကို စစ်ဆေးပြီးထားပြီလည်း ဖြစ်ပါတယ်။
ရိုက်ကူး၊ တည်းဖြတ်၊ အောင်မြတ်သူ