မြန်မာ့လူ့ဘောင် ပိုကောင်းစေဖို့ " နိစ္စဓူဝ" ကို ကြည့်ကြစို့ (Dress)

မြန်မာ့လူ့ဘောင် ပိုကောင်းစေဖို့ " နိစ္စဓူဝ" ကို ကြည့်ကြစို့ (Dress)

မြန်မာ့လူမှုအဖွဲ့အစည်းမှာ နေ့စဉ်ဖြစ်ပျက်နေတာတွေ၊ အကြောင်းအရာတွေကို "နိစ္စဓူဝ" အစီအစဉ်မှာ Mizzima TV က တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ 

ဒီတစ်ပတ်မှာတော့ အဝတ်အစားနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဆွေးနွေးမှာဖြစ်ပြီး ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ သမိုင်းတစ်လျှောက်မှာ လူတွေရဲ့ ဝတ်စားဆင်ယင်မှုဟာ တစ်ခေတ်နဲ့ တစ်ခေတ် မတူကြ ဘဲနဲ့ အမြဲပြောင်းလဲလာတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေရဲ့ နောက်မှာ ပြောဆို ဝေဖန်ခံရတာက အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ 

အမျိုးသမီးတွေဟာ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာတဲ့ အချိန်အခါမှာ ဝေဖန်မှုကို အမျိုးသမီးတွေကသာ ခံခဲ့ကြရပါတယ်။ဒါကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုဟာ သူ့ရဲ့ professional Life ကို သက်ရောက်မှု ရှိတယ် ။ မရှိဘူး။ အမျိုးသမီးတစ်ယောက်က သူ့ရဲ့ လွတ်လပ်စွာ ရွေးချယ်ဝတ်ဆင် ပိုင်ခွင့်ကို ပိတ်ပင်ခွင့် ၊ တားဆီးခွင့် ရှိသင့်တယ် မရှိသင့်ဘူးဆိုတာကို ဆွေးနွေးကြမှာပါ။

ဒီနေ့ဆွေးနွေးမှုမှာ ဒေါ်စုစုလှိုင်( MD, Winning Security Group)  ၊မအိမ့်မျက်ခြယ်( Miss Earth Myanmar 2015)နဲ့ ကိုဇွဲမင်းထက်(သင်္ဘောအရာရှိ) တို့က ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးထားကြပါတယ်။

ဒီအစီအစဉ်ကို အကြောင်းအရာအစုံ၊ ကဏ္ဍအစုံနဲ့ နှစ်ပတ် တစ်ကြိမ် တနင်္ဂနွေနေ့ ည ၇ နာရီခွဲမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required